Part - 49 ( Zg + Uni)

Start from the beginning
                                    

အခု ကြည်ဖြူတို့ ရှိတဲ့ ဆေးရုံ လိုက်လာပြီး
ဖြူလေး ကို တိုင်ထားတာ ရုတ်သိမ်း
ပေးပါ တောင်းဆိုတာကိုလည်း
လုံးဝ တောင်းဆိုလို့ မရ။

" ငါတို့ ဘယ်လိုလုပ်ကြမလဲ ထွေးထွေး..
ဖြူလေး ကို ကယ်မှ ဖြစ်မှာနော်
မဟုတ်ရင် ဖြူလေး ထောင်ကျသွားလိမ့်မယ် "

ခွဲခန်းရှေ့ တောင်လျှောက် မြောက်လျှောက်
ဖြစ်နေသော ဦးနိုင်စေမာန် နဲ့ ဒေါ်ကြည်ဖြူခင်
ကို ပန်းမြိုင်ဂေဟာက မာသာ တစ်ချက်
ကြည့်ရင်း ထွေးထွေး ကို ဆိုလိုက်တဲ့အချိန်
သူမ မျက်ဝန်းမှာ အရည်ကြည်တွေ ဝေ့လို့
သွားခဲ့သည်။

"  ကျမ လည်း ဘာလုပ်ရမှန်းမသိ
တော့ဘူး မာသာ... ဖြူဖြူ ကြောက်နေမှာ
ကျမတို့ရဲ့ ဖြူဖြူလေး ကြောက်နေမှာ
ထောင်ထဲမှာ တစ်ယောက်တည်းဆိုပြီး
အားငယ်ပြီး သူ ကြောက်နေမှာ "

" ငါ သိတယ်... ဖြူလေး ကြောက်နေမယ်ဆိုတာ
ငါ သိတယ်... အခု ငါတို့ ဘယ်သူ့ကို
သွားပြီး အကူအညီသွားတောင်းရတော့
မှာလဲ  ကာယကံရှင်ကိုယ်တိုင်ကိုက
ဖြူလေး ကို တရားစွဲထားတာ "

" ခေါင်ယံမှိုင်း ဆိုရင်​​ရော မာသာ...
သားခေါင်ယံ ဆိုရင် ရလောက်တယ် "

"  ရပါ့မလား ထွေးထွေး... "

" ရမှာ မာသာ... သားခေါင်ယံ က ဖြူဖြူ
ကို အရမ်းချစ်တာ သူဆိုရင် ဖြူဖြူ ကို
ကူညီပေးနိုင်လောက်တယ် "

ထွေးထွေးက ဝမ်းသာအားရ ဆိုနေပေမဲ့
မာသာမှာတော့ ရပါ့မလားဆိုတဲ့ အတွေး
တွေနဲ့  ဇဝေဇဝါ ဖြစ်လို့ နေ၏ ။

-
-
-
-
-
-
-
-

" ဘာမှမပူနဲ့နော် ဖြူလေး. ..ဖြူ​လေးကို
မာသာတို့က ဒီထဲကနေ ရအောင် ထုတ်ပေးမယ်  "

" ဟုတ်တယ် ဖြူဖြူကို ထွေးထွေးတို့က
ထုတ်ပေးမှာ.. .အခု သားခေါင်ယံဆီ
ထွေးထွေးတို့ သွားမလို့လေ
သူ့သာ ဆိုရင် သမီးကို ကူညီပေးနိုင်
လောက်တယ် "

" ဟင်... "

အစက မာသာတို့ စကားကြောင့် ဖြူဖြူ
အားတက်မလို ဖြစ်ပြီး ခေါင်ယံမှိုင်း
နာမည်ကြားလိုက်မှ လူက အားပြန်ကျသွားရသည်။
ခေါင်ယံမှိုင်း က ဖြူဖြူ ကို ဘယ်လိုလို့
ကယ်ပေးနိုင်မှာလဲ။ သူ့က ဖြူဖြူ ကြောင့်
နဲ့ အခုထိ သတိလစ်နေတာလေ။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now