🐉Part30🐉

Start bij het begin
                                    

"မင်းတို့လဲ ဒီကိုလာမှန်း မသိလို့ကွာ၊ ပိုးကလေးတောင် ကိုကိုလေးတို့ကို ခေါ်ကြည့်ရင်ကောင်းမလားဆိုပြီး ပြောနေသေးတယ် "

"ဟီး....ကိုကိုတို့လဲ ရုတ်တရက်လာဖြစ်သွားတာပါ"

"အိမ်မှာကြီးပဲဆို ပျင်းနေတာနဲ့ အပြင်ကိုခေါ်ထုတ်လာတာ"

"မင်းကို ဘယ်သူကမေးနေလို့လဲ"

"ဖြေချင်လွန်းလို့ဟေ"

ကိုယဆိုသည့်လူကို ဝိုင်းစနေကြတော့ ကိုကို့မှာ အူယားမတတ်အောင် ရယ်နေရ၏။

"ပွဲဈေးဆိုတာကိုတောင် မမြင်ဖူးတဲ့ကောင်က အခုမှလာ ထူးဆန်းနေတယ်"

"ကိုကိုလေးနဲ့တွေ့မှ ဒီကောင့်မှာ ငါတို့မမြင်နိုင်တဲ့ အံ့ဖွယ်အစွမ်းတွေ ထပ်ထွက်လာတော့တယ် သိလား ကိုကိုလေး"

"ကိုကိုလေး ကိုကိုလေး...နားကြားပြင်းမြင်းကပ်တယ်ကွာ... စားစရာရှိမစားပဲနဲ့ တခြားအကြောင်းပြောဖို့မရှိရင် မင်းအရှေ့က မုန့်ကိုသာ စို့ထား အသွင် "

စနောက်နေသူကစနေပြီး စိတ်ကောက်သွားသူကိုတော့ သူမချော့မှရတော့မည့်ပုံ။

ဆိုင်အပြင်ဘက်က နေရာကိုယူထားတာမို့လို့သာတော်တော့သည်။ ယောကျာ်းသုံးယောက်ရဲ့စီးကရက်သောက်တဲ့စကေးက ထင်းမီးနဲ့ချက်ရင် ထွက်တဲ့အမီးခိုးငွေ့အတိုင်းပဲ။ သောက်လည်းသောက်နိုင်ကြသည်။ ဘာအရသာမှလည်း မရှိဘဲနဲ့...

စားရင်းနောက်ရင်းနှင့်ကိုကြီးရောက်လာသည်။ ဘေးနားမှာမိုးခါးလည်းပါလာသဖြင့် ကိုကိုသည်အခုတလော မိုးခါးကိုတွေ့လိုက်သည့်အချိန်တိုင်းမှာကိုကြီးနှင့်အတူတူရှိနေတတ်သည်ကို သတိထားမိလာသည်။

ဘာလဲ... ကိုကို့သူငယ်ချင်းကနေကိုကြီးသူငယ်ချင်း ဖြစ်သွားပြီးလာဟု မေးလိုက်ချင်သည်။ သင်းနော် ယောက်ျားလေးသူငယ်ချင်းဆိုလို့ သူ့တစ်ယောက်ထဲပဲရှိပါတယ်ဆိုမှ။

ကိုကိုတစ်ယောက် မိုးခါးနဲ့ကိုကြီးကို ဘယ်လောက်အချိန်ထိငေးကြည့်နေမှန်းမသိ ကိုယဟာကိုကို့လက်တစ်ဖက်ကို သူ့ဟူဒီအိတ်ကပ်ထဲဆွဲထည့်ပြီး သူ့လက်နဲ့ဆုပ်ကိုင်တော့မှ ငေးခြင်းဋီကာကို အဆုံးသတ်လိုက်ရသည်။

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Waar verhalen tot leven komen. Ontdek het nu