အပိုင်း တစ်

Start from the beginning
                                    

တစ်ခေါက်ပီး တခေါက် အဆက်မပြတ်ဝင်နေတဲ့ ဖုန်း contact name လေးကတော့ * မောင် * တဲ့

ကော်ဖီဆိုင်ရဲ့ ထောင့်ဆုံးဝိုင်းမှာ ထိုင်နေတဲ့ သူဟာလည်း အငွေ့တစ်ထောင်းထောင်းထနေတဲ့ ကော်ဖီခွက်ကို ဇွန်းနဲ့ ခပ်နာနာမွှေလိုက်ရင်း အငွေ့ရိုက်လို့ မှိုင်းသွားတဲ့ မျက်မှန်ကို ချွတ်ပီး စားပွဲပေါ်တင်လိုက်သည်။ ထိုအခါ သူမြင်ရတော့တဲ့ မြင်ကွင်းတွေက ခပ်ဝါးဝါးသာ။ ခပ်ဝါးဝါး ထိုအခြေအနေမှာ ဆိုင်အရှေ့ဖက်ကို ငေးကြည့်နေတဲ့ လူတစ်ယောက်ရဲ့ ကျောပြင်ကိုတော့ သူကောင်းစွာ မြင်နိုင်သေးသည်။

အကြည့်တွေကို ပြန်ရုတ်သိမ်းပီး ရှေ့မှာရှိတဲ့ ကော်ဖီခွက်ပေါ် ဝေ့ကြည့်တဲ့အခါ တဝက်သာ ကျန်တော့တဲ့ ကော်ဖီတွေက သူ့ကို လှောင်ပြောင်နေသယောင်။ ဘေးချထားတဲ့ မျက်မှန်ကို နေရာမှန်ဖြစ်အောင် ပြန်တပ်လိုက်တဲ့အခါ မြင်ရတဲ့ မြင်ကွင်းတွေဟာ ရှင်းရှင်းလင်းလင်း။

မရောက်ပါနဲ့လို့ ဟန့်တားနေတဲ့ ကြားက ထပ်ရောက်သွားပြန်တဲ့ အကြည့်တွေက ကော်ဖီဆိုင်ရဲ့ တစ်နေရာ။ သူကြည့်တဲ့ နေရာမှာ ခုနက မြင်ခဲ့ရတဲ့ ကျောပြင်ဟာ ဘယ်ဆီဘယ်ဝယ်သို့ ရောက်သွားလေသည်မသိ။ ထိုနေရာတွင် ကော်ဖီခွက်ကလွှဲရင် ဘာမှမရှိတော့ပေ။ ထိုအခါ နှုတ်ခမ်းပါးတွေထက် အပြုံးကို ဆင်မြန်းလိုက်ရင်း လက်ကျန်ကော်ဖီကို မော့သောက်လိုက်ကာ ငွေရှင်းကောင်တာဆီ ထွက်လာခဲ့လိုက်တော့သည်။

ငွေရှင်းကောင်တာရောက်တဲ့အခါ ကျသင့်ငွေကို ရှင်းလိုက်ပီး ဆိုင်ထဲက ထွက်လာလိုက်သည်။
မစဲသေးတဲ့ မိုးက အရင်ကထက်ပင် ပိုသည်းထန်လာသည်မို့ လက်နှစ်ဖက်ကို လောင်းကုတ်ထဲ ထည့်လိုက်ရင်း လမ်းသွားလမ်းလာ တစ်ချို့ကို ငေးကြည့်နေလိုက်သည်။

ထီးတစ်ချောင်းကို တူတူဆောင်းရင်း ချစ်ကြည််နူး တစ်တီတူးကာ သွားနေကျတဲ့ အတွဲတွေ။ အသက်ကြီးကြီး အဖွားတစ်ယောက်ကို ဂရုတစိုက် ကူတွဲနေတဲ့ အဖိုးတစ်ယောက်။ ကျောင်းဝတ်စုံတွေဝတ်ပီး နေရာတကာ အလေလိုက်နေတဲ့ ဂျလေဘီ ကျောင်းသားအုပ်စု။ ထိုခပ်ဆိုးဆိုး ကျောင်းသားတွေက ဆိုင်ရှေ့ကနေ လွတ်လပ်၊ ပေါ့ပါး၊ ပျော်ရွင်စွာ ပြေးထွက်သွားကျတဲ့ မြင်ကွင်းတွေ။

နှောင်ကြိုးလေးတစ်မျှင်Where stories live. Discover now