ᴛʜᴇ ᴇᴅɢᴇ ᴏғ ʜᴀᴛᴇ (ɪɪ){ғɪɴᴀʟ}

1.5K 85 59
                                    

For Unicode

မောင်ကချစ်စရာကောင်းသလောက် ရက်စက်သည်...။

LiLi ကိုလက်ထပ်ထားတဲ့မောင်က တခြားမိန်းကလေးတွေနဲ့ရှုပ်ပွေသည်။
မောင်ဟာ LiLi ကိုလက်ထပ်ပြီးသည့်နေ့မှစလို့ မရေမတွက်နိုင်သော မိန်းကလေးပေါင်းများစွာကို အိမ်ခေါ်လာသည်။
ယခုလဲထိုကဲ့သို့ပင်...

လှေကားအဆင်းမှာ မက်တပ်ရပ်နေတဲ့ LiLi ကိုမမြင်နိုင်လောက်အောင် မောင်နဲ့မိန်းကလေးတစ်ယောက်ဟာ နမ်းနေကြသည်။

မောင့်လက်တွေနဲ့ဖက်တွယ်ထားတဲ့ ထိုမိန်းကလေးရဲ့ခါး
မောင့်နှုတ်ခမ်းတွေနဲ့ထိတွေ့ထားတဲ့ ထိုမိန်းကလေးရဲ့နှုတ်ခမ်း
နောက်ဆုံးထိုမိန်းကလေးရဲ့ပေါင်တံတွေဆီ မောင့်လက်တွေက ဦးတည်နေခဲ့ပြီ။

မောင်ဟာ LiLi ကို မြင်လျှက်နှင့် ပိုလုပ်ပြသည်။
နောက်ဆုံးတော့ ဆက်မကြည့်နိုင်တော့တဲ့ LiLi ကပဲ ကျောခိုင်းလှည့်ထွက်ခဲ့မိတော့သည်။

ကျဆင်းလာတဲ့မျက်ရည်အချို့ကိုလဲမသုတ်မိတော့ပါ။
မောင့်အတွက်နဲ့ကျလာတဲ့ အဖိုးတန်လေးတွေမို့ LiLi မြတ်နိုးမိပါသည်။

" ဘာလို့ဆက်မကြည့်နေတာလဲ
Jen အရမ်းကောင်းနေတာ ခင်ဗျားကြောင့်အရှိန်ပြတ်သွားပြီ "

ကျောဘက်ဆီကကြားလိုက်ရတဲ့မောင့်အသံကြောင့် မျက်နှာအမူအယာကို ကဗျာကယာပြင်ကာ မောင့်ဆီအမြန်လှည့်မိသည်။

" မရည်ရွယ်ပါဘူးမောင်ရယ်
မောင်တို့အနှောင့်အယှက်ဖြစ်မှာစိုးလို့ LiLi ပြန်လာတာ "

" မလိုပါဘူး
ခင်ဗျားကြည့်နေရင်ကို ကျေနပ်ပြီ "

မောင်ရယ်....
ခေါင်းလေးအောက်ငုံ့လို့ ကျလာတဲ့ မျက်ရည်တချို့ကို မောင်မမြင်အောင်ကွယ်ဝှက်လိုက်သည်။

" ခင်ဗျား ငိုနေတာလား
ဘာလို့လဲ   အဲ့လိုသာယာမှုတွေ ခင်ဗျားမရလို့လား "

LiLi မျက်နှာကိုစေ့စေ့ကြည့်ရင်း မောင်ဟာခနဲ့သလို စကားဆိုလာသည်။

" မဟုတ်ပါဘူးမောင်ရယ် "

" မခေါ်စမ်းပါနဲ့
အဲ့ မောင် မောင် မောင်နဲ့
ခင်ဗျားပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းက ရွံစရာကောင်းတယ်..
အော်.. ပြီးတော့
အဲ့လိုသာယာမှုလိုချင်လို့
ခင်ဗျားလူတွေနဲ့ပြန်ဆက်သွယ်နေတာလား "

ᴛʜᴇ ᴇᴅɢᴇ ᴏғ ʜᴀᴛᴇ (ᴊᴇɴʟɪsᴀ) {sʜᴏʀᴛ sᴛᴏʀʏ}Where stories live. Discover now