ကျန်းရီဖေး ဓာတ်ပုံဘယ်လောက်များများရိုက်ထားလဲထည့်မပြောနဲ့အုံး လင်းယုတုန်က သူ့ကိုယ်သူတောင် ကြည့်ကောင်းတယ်လို့ခံစားရသည်။

ကျန်းရီဖေးက ပြောလိုက်တယ် "ကိုယ်မှာဓာတ်ပုံတွေအများကြီးရှိတယ်။ဒါပေမဲ့ ကိုယ် အဲဒီတစ်ပုံကို အကြိုက်ဆုံးဘဲ"

လင်းယုတုန်က ကျန်းရီဖေးမှာ ဒီလိုဓာတ်ပုံရိုက်သည့်အလေ့အကျင့်ရှိမှန်း လုံးဝမသိခဲ့ဘူး။သူက ကျန်းရီဖေးကို မေးလိုက်တယ် "ကျွန်တော် ခင်ဗျားဖုန်းထဲက အခြားဓာတ်ပုံတွေကို ကြည့်လို့ရမလား?"

ကျန်းရီဖေးက ပြောလိုက်တယ် "တကယ်ကို ရတာပေါ့။ကိုယ့်ဟာက မင်းဟာဘဲလေ။မင်း မေးဖို့မလိုပါဘူး"

ဒီနေ့ခတ်ဟန်းဖုန်းတွေက လက်ဗွေရာlockတွေ ပန်တမ်lockတွေမရှားပေမဲ့ ကျန်းရီဖေးက password locksကိုသာ အသုံးပြုထားသည်။လင်းယုတုန်က passwordမေးပြီး ဖုန်းlockဖြေပြီး အချိန်အတော်ကြာ ဖုန်းgalleryထဲကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ကျန်းရီဖေး၏ဖုန်းထဲမှာ သူ့ပုံ အနည်းဆုံး၂၀၀လောက်ရှိပြီး စာဖတ်နေတာ အိပ်နေတာ ချက်ပြုတ်နေတာ...စသဖြင့် အမျိုးမျိုးရှိပြီး တကယ်လို့ဓာတ်ပုံက သူ့ပုံမဟုတ်ဘူးဆိုရင် အတိအကျကို သူချက်ပြုတ်ထားသည့်ဟင်းပွဲပုံတွေဖြစ်ပြီး သူသန့်ရှင်းထားသည့်တစ်ခုခုဖြစ်ပြီး အရာအားလုံးက သူနှင့်ဆက်စပ်နေတာချည်းဖြစ်သည်။

သူက ပုံတွေကို ကြည့်ရင်း ကြည့်ရင်းနှင့် နောက်ဆုံးရောက်လာတော့ အဖြူရောင်အတွင်းခံတစ်ထည်ကို ရုတ်တရက်တွေ့လိုက်ရပြီး ဓာတ်ပုံရဲ့နာမည်ကတော့ ဇနီးလေးက ကိုယ့်အတွက် ပထမဆုံးအကြိမ် လျှော်ခဲ့သည့်အတွင်းခံဘောင်းဘီဖြစ်သည်။

မိသားစုထဲမှာ ဒီလိုမျိုးပါတနာကဲ့သို့ သေးငယ်တဲ့အရာလုပ်တဲ့သူ ရှိမှာမဟုတ်ဘူး။

လင်းယုတုန်သည် သူတို့တစ်ယောက်နှင့်တစ်ယောက် ဖွင့်ဟပြီး ကျန်းရီဖေးက သူ့ရည်ရွယ်ချက်တွေကို အပြည့်အဝနားလည်ပေးခဲ့တာကြောင့် ချိုမြိန်သည့်ချစ်ခြင်းမှာ နှစ်မြှုပ်နေသလို ထင်မြင်ခံစားရစေပြီး မကြာခဏဆိုသလို ကျန်းရီဖေး၏ဆန္ဒကို အကြိမ်ပေါင်းများစွာ ဖြည့်ဆည်းပေးချင်ခဲ့တာဖြစ်သည်။ဒါပေမဲ့ ရက်အနည်းငယ်အတွင်းမှာ ကျန်းရီဖေး၏မွေးနေ့ကျရောက်တော့မှာဖြစ်တာကြောင့် သူကစောင့်မျှော်နေတာဖြစ်သည်။

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now