လင်းယုတုန်က ဟန်ဖုန်းရှိနေနိုင်သည့်နေရာတွေကို ရှာပေမဲ့ ရှာမတွေ့တာကြောင့် သူက ဖုန်းခေါ်လိုက်သည်။သူက ဖုန်းမြည်သံကို အိပ်ခန်းထဲကနေ ကြားရတာကြောင့် အခန်းထဲဝင်သွားပြီး အိပ်ခန်းထဲရှာဖို့လုပ်ရသည်။ကျန်းရီဖေး၏ဖုန်းမြည်သံက ခေါင်းအုံးနောက်ကနေ ထွက်ပေါ်လာသည်။ဒါကိုကြည့်ရတာ ဖြစ်နိုင်တာတော့ ညတုန်းက ကျန်းရီဖေးက တစ်စုံတစ်ရာကို ကြည့်တာဖြစ်ပြီး နောက်တော့ အိပ်ပျော်သွားပြီး မနက်ကျတော့ ဖုန်းယူဖို့မေ့သွားတာဖြစ်မည်။

ဖုန်းမြည်သံက ဆက်မြည်နေတုန်းဖြစ်ပေမဲ့ လင်းယုတုန်က ဖုန်းမချလိုက်ဘူး။ဘာကြောင့်လဲဆိုတော့ သူက ဖုန်းပေါ်မှာပြနေတဲ့နာမည်ကို မြင်ရလိုက်ရတာကြောင့်ဖြစ်ပြီး အဲဒါက ကလေး ဒါမှမဟုတ် ကောင်လေး မဟုတ်သလို ဇနီးလေး ဒါမှမဟုတ် မဒမ်လဲ ဟုတ်မနေဘဲ တုန်တုန်ဆိုတာကြောင့်ဖြစ်သည်။

ကျန်းရီဖေး၏ဂရုတစိုက်တွေးခေါ်မှု ဖြစ်နိုင်သမျှ အသေးစိတ်တိုင်းကို ရောင်ပြန်ဟပ်နေသည်။

လင်းယုတုန်က ပြုံးပြီး ဖုန်းကိုယူပြီးထွက်လာခဲ့သည်။သူက ဖုန်းအားနည်းနေတာကိုမြင်တော့ သူက အတွင်းရေးမှူးလာမယူခင် ဖုန်းအားသွင်းထားပေးလိုက်ပြီး နောက်မှကျန်းရီဖေးကို ဖုန်းခေါ်လိုက်သည်။

သူက ရီဖေးကို မေးလိုက်တယ် "ကျွန်တော့်ကို ဘာလို့တုန်တုန်လို့ခေါ်တာလဲ?"

[တုန်ရဲ့အဓိပ္ပာယ်က ကလေးလို့ဆိုလိုတာကြောင့် တုန်တုန်ဆိုပြီး ကလေးလေးဟု အဓိပ္ပာယ်နဲ့ခေါ်တာလား?]

ကျန်းရီဖေးက ဒီအကြောင်းကို ရုတ်တရက်မေးလာတာကြောင့် အံ့အားသင့်သွားပြီး ခဏကြောင်သွားပြီးမှ ပြောလိုက်တယ် "ဟေး..သိရဲ့သားနဲ့ မမေးနဲ့လေ"

"နောက်ပြီး screensaverလုပ်ထားတဲ့ဓာတ်ပုံက ဘယ်တုန်းက ရိုက်ထားတာလဲ?ခင်ဗျား ရိုးရိုးသားသား ဝန်ခံသင့်တယ်"လင်းယုတုန်က ထပ်ပြောလိုက်တယ်။

ကျန်းရီဖေး screensaversလုပ်ထားသည့် ဓာတ်ပုံက လင်းယုတုန်အိပ်ရာလိပ်ထဲမှာ အိပ်ပျော်နေပြီး သူ့မျက်နှာတစ်ဝက်သာပေါ်ပြီး ကျန်တစ်စိတ်အပိုင်းက ဖုံးကွယ်နေပြီး ဖြူဖွေးနေသည့် ဝမ်းဗိုက်လေးပေါ်နေတာက လင်းယုတုန်ကို အလွန်ကိုမျက်စိဖမ်းစားနိုင်ပြီး အပြစ်ကင်းစင်စေသည်။

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now