ကျန်းရီဖေးက သက်ပြင်းချလိုက်ပြီး လင်းယုတုန်ပြောတဲ့စကားမှာ တစ်ချို့တစ်လေက အမှန်ဖြစ်တာကို ခံစားရသည်။သူက ပြန်မငြင်းခုံတော့ဘူး။သူက လင်းယုတုန်ကို ကူကယ်ရာမဲ့စွာသာ ကြည့်နေပေမဲ့ စိတ်ပင်ပန်းနေတာကိုခံစားမိသည်။သူက ရိုးရှင်းစွာဘဲ တဘက်နွေးနွေးလေးတစ်ထည်ကို သွားယူပြီး လင်းယုတုန်၏ပခုံးပေါ်တင်ပေးပြီး သူ့ကိုညင်သာစွာ ဆုတ်နယ်ပေးလိုက်သည်။

လင်းယုတုန်သည် ကျန်းရီဖေး၏ပေါင်ပေါ်မှာခေါင်းတင်ပြီး အလွန်သက်သောင့်သက်သာရှိတာကို ခံစားရသော်လည်းဘဲ သူ့ညည်းသံက ကျန်းရီဖေး၏ခန္ဓာကိုယ်ရှိteddyနိုးလာမှာစိုးတာကြောင့် အသံမထွက်ရဲဘူး။(teddy=ကစားစရာအပျော့စားဝက်ဝံရုပ်=ကျန်းရီဖေး၏ညီလေး)

သို့သော်လည်း ကျန်းရီဖေးက ပူလောင်နေတာကြာနေပြီးဖြစ်တယ်.....

လင်းယုတုန်က ကျန်းရီဖေး၏ခြေထောက်ကိုမျက်နှာမူထားတာကြောင့် သူက တစ်စုံတစ်ခုကို ခံစားရရင်တောင် ကျန်းရီဖေး၏ပြောင်းလဲမှုကို မမြင်နိုင်ပေမဲ့ ကျန်းရီဖေးက မတည်မငြိမ်ဖြစ်နေတာကိုခံစားမိသည်။သူက အသက်ရှူသံပြင်းလာတာကို ကြားတာနှင့် တိတ်တိတ်လေးထပြီး တဘက်ကိုပြန်ထားဖို့လုပ်သည်။

ကျန်းရီဖေးက သူ့ကိုပြန်မခေါ်ခဲ့ဘဲ နောက်တစ်နေ့အလုပ်ဆင်းတာနှင့် ကုန်တိုက်ကို လူကိုယ်တိုင်သွားပြီး လင်းယုတုန်အတွက် လုံးဝကောင်းမွန်သည့်အနှိပ်ထိုင်ခုံကို ရွေးပြီး ဧည့်ခန်းမှာထားသည်။လင်းယုတုန် ပင်ပန်းလာသည့်အခါ ဧည့်ခန်းမှာထိုင်ပြီးအနားယူနိုင်သည်။ဘာဘဲဖြစ်ဖြစ် သူထပ်ပြီး သူ့ကိုမနှိပ်ပေးရဲတော့ဘူး။

တစ်နေ့ လင်းယုတုန်က အနှိပ်ထိုင်ခုံကို သန့်ရှင်းနေစဉ် သူ့ဖုန်းက ရုတ်တရက်မြည်လာပြီး လင်းယုတုန်က ကောက်ကိုင်လိုက်သည့်အခါ မသိသည့်နံပါတ်ဖြစ်နေသည်။ဖုန်းကိုင်လိုက်သည့်အခါ ဖုန်းမှားနေသည်ဟု ထင်မိသော်လည်း ကျန်းရီဖေး၏အသံကို ကြားဖို့မမျှော်လင့်ထားဘူး။ဖုန်းထဲကနေ ကျန်းရီဖေးက "ရှောင်တုန် ကိုယ့်ဖုန်း အိမ်မှာကျန်ခဲ့တယ်ထင်တယ်။မင်းကိုယ့်ကို ရှာပေးနိုင်မလား?ရှိရင် အတွင်းရေးမှူးကို နောက်မှလာယူခိုင်းလိုက်မယ်"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now