part(part4)

342 10 0
                                    

"ကိုကြီး ပြန်လာပြီလား သားအတွက် မာလာဟင်း မပါဘူး လား"-အငယ်ဆုံး ညီလေးမှ အိမ်စာ ရေးရင်းလှမ်းမေးလိုက်သည်
  " ငါ တောင် ဘုန်းကြီးကျောင်း က ငှက်ပျောဖီး တောင် ယူလို့ မရခဲ့ တာ မာလာဟင်း ဆိုရင်တော့ ငါ တရုတ်မ နဲ့ပဲ သွားယူ မှ မင်းကို ကျွေးလို့ရ တော့မှာ"-မင်းမင်း မှ ညီလေး ကို စိတ်မကောင်းစွာ ပြန်ပြောလိုက်သည်

" ဟဲ့ မင်းတိမ်လွှာ  နင် ဘုန်းကြီး ကို ဘာတွေလျှောက်လိုက် မှန်းမှ မသိတာ အခု ညစာ စား လို့ ရပြီ သွားထမင်းသွားခူးချေ" - ဒေါ်သူဇာ မှ မီးဖိုချောင် ထဲ က လှမ်း ပြောလိုက်သည်
" ကိုကြီး  သမီးခူး လိုက်မယ် ရေသွားချိုးလိုက်"
  " ဟာ ငါ့ ညီမ လေးက ငါ့ ကိုအသိတတ်ဆုံးပဲ"-မင်းမင်း မှ ညီမ လေး' စံသက်ထား' ကို ချီးမွမ်းလိုက်သည်
    "အမေ ကျွန်တော့် ကို ဘုန်းကြီးက မြို့ တက်ပြီး သူ့တူလေးကို စောင့် ရှောက်ဖို့ သွားမ လားတဲ့"
  "အဲ့ တာ ကျွန်တော် က အမေ့ကို ပြန်မေးရမှာ ဆိုပြီးပြန် လာခဲ့တာ ဘုန်းကြီးရဲ့ ညီမ က သူ့သား နဲ့အတူတူ ကျောင်းပါထားပေးမှာတဲ့"  -မင်းမင်းမှ သူ့အမေ ကို ဘုန်းကြီး ပြော သလို ရှင်းပြနေသည်"
" အေး...ကောင်းသားပဲ သွားလေ"-ဒေါ်သူဇာမှ ကြည်ကြည်ဖြူဖြူလိုက်ခိုင်းလိုက်သည်

Unicode#

