ᴛʜᴇ ᴇᴅɢᴇ ᴏғ ʜᴀᴛᴇ (I)

1.9K 98 46
                                    

For Unicode

" အဟင့်........ အဟင့် "

အခန်းနံရံထောင့်လေးက မိန်းကလေးတစ်ယောက်ရဲ့ငိုရှိုက်သံ..။

ငိုထားလွန်းလို့နီရဲနေတဲ့မျက်ဝန်းတွေနဲ့ ခန္ဓာကိုယ်ကိုမလုံ့တလုံကာကွယ်ထားတဲ့ အဝတ်ခပ်ပါးပါးလေးရယ်... ထိုမိန်းကလေးဟာ တကယ်ပင်သနားစရာ...။

ရောင်ရမ်းဖောင်းကားနေတဲ့ပါးပြင်တစ်ဖက်ကိုမမှုဘဲ ကြေကြေကွဲကွဲကျလာတဲ့မျက်ရည်တွေကို အဝတ်ပါးပါးလေးနဲ့ ခပ်ကြမ်းကြမ်းသုတ်မိသည်။

နာကျင်မှုဟာ တုနှိုင်းပြလို့မရသလို Li ရင်ထဲမှာလဲကြေကွဲစို့နင့်လို့... ။

အမွှေးပွတဘက်ကြီးကိုပတ်ထားတဲ့လူကတော့ ကိုယ်လက်သန့်စင်ပြီး ပြန်လာကာ ဗီရိုအံဆွဲတစ်ခုမှ တစ်စုံတစ်ခုကိုယူကာ Li ဆီကိုလျှောက်လာနေခဲ့သည်။

" ရော့ ဒီမှာ... မင်းအတွက်မုန့်ဖိုး
မင်းအမေအတွက်လည်း ဆေးကုစရိတ်ရပြီပေါ့
မင်းအဖေကိုလည်းပြောလိုက်ပါ
ကျေးဇူးတင်လို့ နောက်မှထပ်ပြုစုမယ်လို့ "

မျက်ရည်ပူတွေစီးဆင်းလာပြန်ပါပြီ။
အဖေလို့မခေါ်ထိုက်တဲ့ ထိုလူ့အကြောင်းကိုကြားလိုက်သည်နှင့် Li အခန်းတံခါးဖွင့်ကာ ထိုနေရာမှပြေးထွက်လာခဲ့တော့သည်။

တဟားဟားအော်ရယ်နေသည့် အနောက်ကရယ်သံကိုမမှုနိုင်ဘဲ 15 နှစ်အရွယ်ထိုကောင်မလေးဟာ မျက်ရည်ဆက်လက်နဲ့ မသန့်ရှင်းတဲ့ငွေအချို့ကို ခပ်ကျစ်ကျစ်ဆုပ်ကိုင်ရင်းဖြင့်......

ဘယ်အချိန်ပြန်တွေးတွေးထိုနေ့ကအဖြစ်အပျက်ဟာ LiLi အတွက်တော့ နာကျင်နေတုန်းပင်....

အရင်က Li အဖြစ်နဲ့ LiLi ဟာ အခုတော့ အရိုင်းပန်းလေး LiLi အဖြစ်နဲ့ ဘဝကို စို့စို့နင့်နင့်ဖြတ်သန်းနေခဲ့ရပြီ။

" ခလေး....
ဘာတွေစဥ်းစားနေတာတုန်း ခလေးရဲ့
ကိုကြီးလာတာကိုတောင်မသိဘူးလား "

အသက်အရွယ်နဲ့မှမလိုက် ချွဲနွဲ့စွာ LiLi ကိုလာတိုးဖက်လိုက်သည်နှင့် LiLi ဟာလည်း အလိုက်တသိ လက်များနှင့် ပြန်လည်ဆုပ်ကိုင်ပေးခဲ့သည်။

ထိုအလုပ်မှာ ရင်းနှီးကျွမ်းဝင်နေသည့် LiLi ဟာ အရာအားလုံးကိုလည်း နားလည်နေခဲ့ပြီ။

ᴛʜᴇ ᴇᴅɢᴇ ᴏғ ʜᴀᴛᴇ (ᴊᴇɴʟɪsᴀ) {sʜᴏʀᴛ sᴛᴏʀʏ}Where stories live. Discover now