ဟူရင်းက လက်ဦးမှုယူပြီး ယန်ကျစ်ကို ထည့်ပေးသည်။

“ ကျွန်တော်အပြင်မှာ စားလာသေးလို့ လျော့ထည့်ပေးပါ”
ယန်ကျစ်က ပြောသည်။

“ မင်းဒီနေ့ အပြင်သွားတော့ ကင်မရာမန်းတွေ မလိုက်သွားဘူးလား”
ဟူရင်းက မေးသည်။

“ ကျွန်တော်က ကိုယ်ရေးကိုယ်တာ ကိစ္စ သွားလုပ်တာဖြစ်လို့ သူတို့ကို မလိုက်ခိုင်းခဲ့ဘူး”

“ မင်းတော့ မသိလောက်ဘူး။ ဟူရင်းက မင်း မိုးစိုမှာစိုးလို့ အပြင်မှာ အကြာကြီး စောင့်နေခဲ့တာ နာ၇ီဝင်ကျော်မလားပဲ”
ဟော့ချန်းက လူတိုင်းအတွက် ရေထည့်ပေးရင်း အပြုံးနှင့် ပြောလိုက်သည်။

“ မင်း ပြောကြည့် ကားပါကင်ကနေ ဂိတ်ဝကို ခြေလှမ်းအနည်းငယ်ပဲ ဝေးတာ ရေက ဘယ်လောက်စိုနိုင်မှာမို့လို့လဲ”

သူက ပြောရင်း ဟူရင်းကို နောက်ပြောင်သလို ကြည့်လိုက်သည်။
“ ဘယ်သူက သူ့ကိုစောင့်လို့လဲ အိမ်ထဲမှာ ပျင်းစရာကောင်းလို့ ငါက အပြင်ထွက်ကြည့်ရုံပဲ”

“ ကောင်းပါပြီ”
ဟော့ချန်းက ရယ်သည်။

ဟူရင်းက မျက်နှာကို မော့သည်။ မီးဆိုင်းအောက်တွင် သူ၏ မျက်နှာလေးက ပို၍ လှပနေသည်။

“ လာကြ ညစာစားပြီးရင် သောက်ကြရအောင်”

ဟော့ချန်းက ခွက်ကို မြောက်သည်။
“ ရှင်းချန်ရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်”

လူတိုင်းက ခွက်ချင်းတိုက်ကြသည်။
“ တကယ်ကို ပင်ပန်းသွားကြပြီ”

“ ဒီနေ့ မီနျူးက ကျွန်တော့်ဘာသာ ဖန်တီးထားတာ၊ လူတိုင်းရဲ့ အကြိုက်နဲ့ ကိုက်ဖို့ပဲ မျော်လင့်တယ်”
ကျိုင်ရှင်းချန်က ပြောသည်။

“ ကြည့်ရုံနဲ့တင် အရသာရှိနေပြီ”
ဟော့ချန်းက ၀င်ပြောသည်။

“ ဒါဆိုလည်း ကိုယ်လည်း ထမင်းထက်ဟင်းပိုစားတော့မယ်”
ယန်ကျစ်ကလည်း ဆိုသည်။

“ ထမင်းကို ဟော့ချန်း ချက်တာ”
သွမ့်ရီဟွားက ပြောသည်။

“ ညီငယ်ကျိုင်ရဲ့ လမ်းညွှန်မှုနဲ့ပေါ့…”
“ ဟော့ချန်းက ထမင်းပေါင်းအိုးတောင် မသုံးတတ်ဘူး”
သွမ့်ရီဟွားက ရယ်သည်။
“ ဒီမှာ ငါ တစ်ယောက်ထဲ မသုံးတတ်တာလား”
ဟော့ချန်းကလည်း ကူကယ်ရာမဲ့သွားသည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now