......
"ကောင်လေးကိုယုံလိုက်မယ်နော် အဲပိုက်ဆံက မေမေကြီး ယူထားတဲ့နေရာမှာပြန်ထည့်ရမှာ"
*ဟမ်း......
မေမေကြီး ညွှန်းတဲ့နေရာကိုရောက်ခါနီးလေ မေမေကြီးရဲ့ပြောစကားတွေကြားယောင်ပြီးရိပေါ် သက်ပြင်းတွေချမိလေပဲ....
ဒီလောက်များတဲ့ငွေ သူတစ်ခါမှမကိုင်ဖူးတဲ့အပြင် တာဝန်ယူပြီးသယ်သွားရအုံးမှာ.....ဒီနေ့အလုပ်မသွားတဲ့အကြောင်းကိုလဲ ကိုကိုးကိုလိမ်ပြီးပြောထားရတာဖြစ်လို့ ရိပေါ်လိပ်ပြာမလုံချင်....၊
ခြံအမှတ် ၃၀ရောက်တော့ ဘဲလ်တီးပြီးစောင့်နေလိုက်တယ်....ခဏအကြာမှ လူတစ်ယောက်ထွက်လာပြီး ရိပေါ်ကိုခြေဆုံးခေါင်းဆုံးကြည့်ကာ လက်ထဲအထုတ်တစ်ထုတ်ထည့်ပေးပြီး အိမ်ထဲပြန်ဝင်သွားသည်...၊
ကြောင်အအနဲ့ရိပေါ်က အထုတ်ကိုဖြည်ကြည့်လိုက်တော့ ပိုက်ဆံတွေဖြစ်နေတယ်....
*ဘာလဲဟ ဒီတိုင်းပဲပေးလိုက်တာလား
ကျောပိုးအိတ်ထဲ ပိုက်ဆံထုတ်ကိုသေချာထည့်ကာ ဘတ်စ်ကားတောင်မစီးပဲ ကားငှါးပြီးသာပြန်လာခဲ့တဲ့ရိပေါ်က တစ်လမ်းလုံးလည်း အိတ်ကိုလက်ကမချပဲပိုက်လျက်အနေအထားနဲ့....
ဆိုင်ရောက်တာနဲ့ မေမေကြီးအခန်းဆီတန်းသွားတော့.....
"ဟို အစ်မကျူး မေမေကြီးရောဟင်"
"ဟယ် ရိပေါ်မသိဘူးလား မေမေကြီးမနေ့ညကပဲ ခရီးထွက်သွားတယ် ၄ ၅ရက်ကြာမယ်ပြောတယ်"
အဲဒါမှသွားတာပဲ....ပိုက်ဆံထုတ်နဲ့ရိပေါ်တစ်ယောက် ရွာလည်တော့မှာအမှန်ပင်....၊
ကိုကိုးလဲသိလို့မရဘူးဆိုတော့ ရိပေါ် ဘယ်သူ့ကိုအပ်လို့အပ်ထားရမှန်းမသိဖြစ်နေသည်.....။
နောက်ဆုံးတော့ မေမေကြီးရဲ့ပိုက်ဆံထုတ်က ရိပေါ်အိမ်ပဲပါလာခဲ့တယ်....ကိုယ့်အိမ်အကြောင်းကိုယ်သာအသိဆုံးမို့ ကျောပိုးအိတ်ကိုလက်ကမချရဲပဲ အနားမှာသာထားထားတယ်...
"ရိပေါ် ဘယ်လိုဖြစ်လို့ အိတ်တစ်ကိုင်ကိုင်ဖြစ်နေတာလဲ"
"ဟမ် မဟုတ်ပါဘူး"
VOUS LISEZ
Falling For You
Fanfictionအချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး....