“ အဲ့ဒါက...  ”

သူရှေ့က မင်ယွန်ဂီဆိုတဲ့သူမှာပြောဖို့လုပ်ပြီးမှ အခက်
တွေ့နေဟန်နဲ့ လက်ညှိုးနှင့်နားထင်ကိုကုတ်ရင်း တစ်ခုခု
ကိုစဉ်းစားနေပုံ။

“ ဒါနဲ့ခင်ဗျားနဲ့ ဂျွန်မြောင်အိုနဲ့က ဘာတော်လဲ ”

“ သူကကျွန်တော်ရဲ့မွေးစားအဖေပါ ”

“ အာ... ဂျွန်မြောင်အိုရဲ့အမှုကိုကျွန်တော်ကိုင်ခဲ့တာ
မှန်ပါတယ်... စခန်းကိုတိုင်ကြားကတည်းကလူသေမှု
အနေနဲ့တိုင်ကြားလာပြီးတော့...  ကျွန်တော်တို့အခင်း
ဖြစ်တဲ့နေရာကိုသွားစစ်ဆေးချိန်ကျမှ မသင်္ကာစရာ
သက်သေတစ်ခုတွေ့ခဲ့ပါတယ်... အဲ့ဒါနဲ့ကျွန်တော်က
နနစ်နာသူဘက်ကတွေးပြီး လူသတ်မှုအဖြစ်အမှုဖွင့်
ဖို့တင်ပြပေမယ့်... မခိုင်လုံတဲ့သက်သေကြောင့်
လူသေမှုအနေနဲ့ဘဲ ထားလိုက်ရတာပါ ”

“ သက်သေအနေနဲ့ရခဲ့တာက ဘာပစ္စည်းများလဲ
စုံထောက်မင် ”

“ အဲ့လောက်ထိသိရမှဖြစ်မှာလား ”

စုံထောက်မင်ကအကျပ်ရိုက်နေပုံနှင့် မေးတော့
ထယ်ဟျောင်းသက်ပြင်းချမိသည်။

“ ကျွန်တော် ဒီအမှုကိုပြန်ဖွင့်မှာပါ... ဒီကိစ္စ
နောက်ကွယ်မှာဘယ်သူရှိနေလဲ ဆိုတာတိကျတဲ့
သက်သေလိုနေလို့ ကျွန်တော့်ကို ပြောပြလို့
မရနိုင်ဘူးလား ”

“ ကျွန်တော်နားလည်ပေမယ့် ရုံးတွင်းဆိုင်ရာကိစ္စကို
ဒီလိုမျိုးဖြစ်သလိုပြောပြလို့မရဘူးဗျ... ခင်ဗျားအမှု
ပြန်ဖွင့်မှာသေချာရင် မနက်ဖြန်စခန်းကိုလာခဲ့ပါ~
ကျွန်တော်တို့အသေးစိတ်ဆွေးနွေးပြီး လုပ်ကြတာပေါ့ ”

“ ကောင်းပါပြီ... ‌စုံထောက်မင်ကိုကျေးဇူးတင်ပါတယ်
ဒါဆိုမနက်ဖြန် ဒီလိုအချိန်ဘဲကျွန်တော်လာခဲ့မယ်
ရတယ်မလား ”

“ ရပါတယ်... ဒါဆိုကျွန်တော့်ကိုသွားခွင့်ပြုပါဦး ”

“ ဟုတ်ကဲ့ပါ ”

ဦးစွာထသွားသည့်စုံထောက်မင်ကိုကြည့်ကာသူ
ရင်တမမဖြစ်နေရသည့်ကိစ္စက နည်းနည်းတော့
ချောင်လည်လာပြီဟု ကောက်ချက်ချလိုက်သည်။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now