ပြောပြီး မျက်ရည်ဝဲတဲတဲဖြင့် ထ ထွက်သွားတဲ့ Doyoung ကိုဘယ်သူမှ နားမလည်နိုင်ကြပေ။
"Junkyu ya. .Doyoung ဘာဖြစ်တာလဲသိလား''
"ကျွန်တော်လည်းသေချာမသိဘူး Appa စိတ်မပူပါနဲ့ ညကျအေးဆေးမေးကြည့်လိုက်ပါ့မယ် ''
"အင်း ..အရွယ်ရောက်လာတော့ ဆိုးချင်လာပြီဖြစ်မယ် ''
"အဲ့လိုလည်းမဟုတ်ပါဘူး သူအကြောင်းပြချက်တစ်ခုတော့ရှိမှာပါ ''
******
<Doyoung's side>
"ဒုန်းး''
Doyoung အခန်းတံခါးပိတ်ရင်းသာလော့ချထားလိုက်၏။ ထို့နောက်ကြမ်းပြင်ပေါ်ထိုင်ချရင်းသာ ငိုနေမိတော့သည်။
သူတကယ်စိတ်တွေရှုပ်ထွေးလွန်းလို့ရူးတော့မယ်ထင်တယ်။
Doyoung ကိုယ့်ဆံပင်ကိုထိုးဖွလျက် အော်ဟစ်နေလိုက်၏။
"Ahh Jinja KimDoyoung ငါဘာလို့အဲ့လိုဖြစ်နေရတာလဲ မဖြစ်ရဘူး အဲ့လိုမဖြစ်ရဘူး''
အကြောင်းကတော့ ဒိုယောင်းတစ်စုံ တစ်ယောက်အပေါ် ခံစားချက်တွေပိုနေမိလို့ပင်။ အဲ့ဒါကလည်းတခြားသူမဟုတ် အစ်ကိုအရင်းဖြစ်တဲ့ Junkyu အပေါ်ကိုဖြစ်သည်။ အဲ့ကြောင့်မလို့ပဲ Doyoung အိမ်က ထွက်သွားချင်ခဲ့တာ။ မဖြစ်သင့်တဲ့ကိစ္စကြီးမလို့ ဒိုယောင်းလည်းရှေ့မဆက်ချင်ပေမယ့် ထူးထူးဆန်းဆန်း ဖြစ်တည်လာတဲ့ခံစားချက်ကို ဒိုယောင်းကိုယ်တိုင်လည်းနားမလည်နိုင်တော့ပေ။
ထိုစဥ်
"ဒေါက် ဒေါက်''
အခန်းတံခါးခေါက်သံကြောင့် Doyoung မျက်ရည်တွေဆွဲသုတ်လိုက်၏။
"Doyoungah Hyung ပါတံခါးဖွင့်ပေးဦး!''
ဒိုယောင်းပြန်မဖြေခဲ့ပေ။ Hyung နဲ့နီးနီးကပ်ကပ် မနေချင်တော့ဘူး။တတ်နိုင်သလောက် ရှောင်ပြီး ခံစားချက်တွေ မပိုတော့အောင်နေရမည်မလား။
"Doyoung ah''
Doyoung ခေါင်းအကြိမ်ကြိမ်ယမ်းရင်းသာ။
"ဟင့်အင်း! "
"Doyoungah ဘာစိတ်ညစ်စရာရှိလို့လဲ Hyung အကုန်နားထောင်ပေးမှာမလို့ Hyung ကိုတံခါးဖွင့်ပေးပါ''
Hyung! I'm not baby
Začít od začátku