Hyung! I'm not baby

442 51 2
                                    

စားစရာအစုံအလင်ချထားတဲ့ စားပွဲဝိုင်း အလယ်ခြားလျက်။ မျက်နှာချင်းဆိုင် ထိုင်စားနေကြတဲ့ လူလေးယောက်က ဒိုယောင်းရဲ့ မိသားစုလေးသာဖြစ်သည်။

"Doyoungah ဘာဖြစ်လို့လဲ မျက်နှာလဲမကောင်းပါလား နေမကောင်းဘူးလား''

ပြောပြောဆိုဆိုပဲ ဒိုယောင်း သူ့နှဖူးပေါ်ကျရောက်လာတဲ့ လက်တွေကိုချက်ချင်းပုတ်ချလိုက်သည်။

"ကျွန်တော်နေကောင်းပါတယ် Junkyu Hyung ''

ထိုအခါမှ Kyu က ခေါင်းတငြိမ့်ငြိမ့်ဖြင့် စားစရာတချို့ Doyoung ပန်းကန်ထဲထည့်ပေးသည်။

"Omma Appa ပြီးတော့ Junkyu Hyung''

Doyoung ခေါ်လိုက်တော့အကုန်လုံးစားလက်စ ရပ်ပြီး ပြောလာမယ့်စကားကိုနားထောင်လိုက်ကြသည်။

"....''

"ကျွန်..ကျွန်တော် ...''

ပြောမထွက်တဲ့ Doyoung ကို Omma ဖြစ်သူက ခေါင်းလေးပုတ်ပေးရင်း

"ပြောပါ Doyoungah ဘာပဲ ဖြစ်ဖြစ်''

ထိုအခါမှ ဒိုယောင်းသက်ပြင်းချရင်း

"ကျွန်တော်အိမ်ခွဲနေချင်တယ်''

"ဟင်!''

အကုန်လုံးအလန့်တကြားဖြင့်။ မနေ့တနေ့ကမှ အထက်တန်းပြီးထားတဲ့ကလေးကို အိမ်ခွဲနေခိုင်းလို့မှမဖြစ်တာ။ ဘယ်သူကစိတ်ချမှာလဲလေ။

"ဘာလို့လဲ Doyoungah... ''

Appa အမေးကြောင့် ဒိုယောင်း Junkyu ကိုတချက်ကြည့်လိုက်၏။ Kyu လည်းမျက်ခုံးပင့်ပြရင်းသာ။ အကြောင်းပြချက်ကိုသူလည်းတကယ်မသိ။

"ဒီတိုင်း အိမ်ခွဲနေချင်တယ် ''

"ဘယ်လိုလုပ်ဖြစ်မှာလဲ Doyoungah Omma တို့ ကိုပြော ဘာဖြစ်လို့အိမ်ခွဲနေချင်ရတာလဲ သားHyung တောင် ခွဲမနေတဲ့ဟာကို ''

"အွန်းလေ Doyoungah Hyung တောင်အလုပ်တစ်ဖက်နဲ့....''

Doyoung Kyu စကားကိုဆုံးအောင်နားမထောင်။ ဇွန်းကိုစားပွဲပေါ်ပြစ်ချလျက်။

"ဗုန်း!''

"အား မသိဘူး ကျွန်တော်အိမ်ခွဲနေချင်တယ် မဟုတ်ဘူး အိမ်ခွဲနေမှာ ''

Dokyu_[Oneshots]Where stories live. Discover now