ထိုနောက်မှာတော့ သူတို့ဟာ 'ဆိတ်ငြိမ်သက်ခြင်း'တောအုပ်ရဲ့အစွန်းနားရောက်ချိန်မှာ တေးငှက်တွေရဲ့ တေးသီကျူးသံများကို စတင်ကြားလာတော့သည်၊
"သတိထား အဲ့တာ ပြုစားခြင်းမှော်တစ်မျိုးပဲ" ဒန်နာရီဟာ အကုန်လုံးကိုပြောလိုက်သည်၊ထိုနောက်မှာတော့ ငှက်တေးသံများကို သူရဲ့မှော်စွမ်းအင်နဲ့ခုခံနေလောက်သည်၊
*တော်တော်အဆင်မြှင့်တဲ့မှော်ပဲ* ဇီနိုဟာ ပတ်ဝန်းကျင်ကိုကြည့်ရင်းပြောလိုက်သည်၊ဒန်နာရီဟာ လက်ခံစွာခေါင်းညိတ်လိုက်ပြီး အတတ်နိုင်ဆုံး မှော်စွမ်းအင်ကို ခုခံနေတော့သည်၊
"နိုရှုရယ်အဖွဲ့က လုပ်သွားတာနေမယ်!" တိုရာလ်ဟာ ဒေါသတကြီးပြောဆိုလိုက်ပြီးနောက်မှာလည်း သူလည်း အခြားသူတွေလို ငြိမ်သက်စွာဖြင့် မှော်စွမ်းအင်ကို ခုခံကာ နေနေတော့သည်၊
"မင်းသားလေး ကျွန်တော်ပြောတာ မှန်တယ်မလား" လူတချို့ရဲ့စကားသံကို ကြားချိန်မှာ အကုန်လုံးရဲ့အကြည့်တွေဟာ ထိုလူတွေဘက်ကိုရောက်လာတော့သည်၊
"ရီလာနို! မင်းဘာလုပ်တာလဲ!" တိုရာလ်ဟာ ရီလာနိုကို ဒေါသကြီးအော်ဟစ်လိုက်တော့သည်၊ဒါပေမယ့် မည်သည့်အသံမှမထွက်လာပေ၊သူတို့ဟာ ဆိတ်ငြိမ်သက်ခြင်းရဲ့အစွန်း၌သာရှိသေးပြီး ရီလာနိုတို့က အခြားနယ်မြေဘက်မှာပင်၊
"မင်းသာ အဲ့ရတနာကိုထုတ်ပေးရင် မင်းတို့ကို လွှတ်ပေးမယ်"
တိုရာလ်ဟာ ရီလာနိုစကားကိုကြားတဲ့ချိန်မှာ ပိုမိုဒေါသထွက်သွားတော့သည်၊ထိုရတနာဟာ အီရှုရယ်အင်ပါယာရဲ့ရတနာပင်၊
"စိတ်ကူးယဉ်မနေနဲ့" တိုရာလ်ဟာ ပါးစပ်လှုပ်ရုံသာပြောလိုက်သည်၊
"နတ်သူငယ်မျက်ရည်အိုင်ကို ဖွင့်ဖို့ ငါ့မှာသော့တစ်ချောင်းပဲရှိတယ် မင်းဟာသာမပေးဘူးဆိုရင် မင်းကို သတ်ပြီး ယူရမလား"ရီလာနိုဟာ သူ့အစေခံကို ခြိမ်းခြောက်ရန် မေးငေါ့လိုက်သည်၊
အစေခံဟာ အမိန့်ကိုနာခံစွာဖြင့် တိုရာလ်တို့ဆီ ဖြေးညင်းစွာကပ်လာတော့သည်၊တိုရာလ်ဟာ ထိုလူကို တိုက်ခိုက်ရန်ကြိုးစားလိုက်ရင် ပြုစားခြင်းမှော်ကို ခုခံထားမှုကြောင့် မှော်ဂလောက်ဂယက်ဖြစ်ကာ သူ့ကိုယ်သူဆိုးဝါးစွာထိခိုက်သွားစေနိုင်သည်၊
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...
Chapter-59
Start from the beginning