အသံမပေါ်ထွက်လာပေမယ့် ဝံပုလွေဟာ မီတာတစ်ရာလောက် လွင့်ထွက်သွားတော့သည်၊ပြင်းထန်လှတဲ့အားကြောင့် ဝံပုလွေဟာ တချက်တည်းနဲ့တင် အသက်သေဆုံးသွားသည်၊
ဒန်နာရီတို့်လည်း ဟျူယာရဲ့အားကို ကြည့်ရင်း အနည်းငယ်တော့ အံ့အားသင့်သွားတော့သည်၊ညဘီလူးတွေရဲ့ဦးဆောင်သူဟာ တကယ်သန်မာလှသည်၊
ထိုနောက်မှာတော့ ညဘီလူးအဖွဲ့ဟာ ဝံပုလွေအဖွဲ့ကို အေးဆေးတိုက်ခိုက်နိုင်သည်ကိုမြင်တော့ ခေါင်းသုံးလုံးဝံပုလွေခေါင်းဆောင်ဟာ အူလိုက်ပြီးနောက်မှာ တောအုပ်ထဲကို ပြန်ပြေးဝင်သွားတော့ ကျန်ရစ်တဲ့ဝံပုလွေတွေဟာလည်း သူတို့ခေါင်းဆောင်နောက်ကို ပြေးလိုက်သွားတော့သည်၊
"ဒီသားရဲတွေက ငကြောက်တွေပဲ"
ဟျူယာဟာ လက်ကိုခါလိုက်ပြီး လှောင်ရီကာ ပြောလိုက်တော့သည်၊အသံမထွက်ပေမယ့် ဟျူယာစကားကို အကုန်လုံးဟာနားလည်ကျသည်၊ထိုနောက်မှာတော့ ရစ်နိုလ်ဘက်ကို ကြည့်လိုက်ပြီး ဟျူယာဟာ စနောက်သလိုမေးလိုက်တော့သည်၊
"ဘယ်လိုလဲ ကျုပ်ကို ကြွေသွားရဲ့လား" ရစ်နိုလ်ရဲ့အကြည့်စူးစူးတွေကို ပြန်ရတဲ့အချိန်မှာတော့ ဟျူယာဟာ ကျေနပ်စွာ ကျယ်လောင်စွာရီမောလိုက်တော့သည်၊
"ဆရာဟျူယာ... ကျွန်တော်တို့်ဆက်သွားကြမယ်လေ" တိုရာလ်ဟာ ဟျူယာရဲ့လက်မောင်းကို လက်နဲ့ဖက်တွယ်လိုက်ရင်း ပြောလိုက်သည်၊ဟျူယာဟာ ရီတာ ရပ်လိုက်ပြီးနောက်မှာ ဆက်သွားရန်အမိန့်ပေးလိုက်သည်၊
တိုရာလ်ဟာ ဟျူယာရဲ့လက်ကို ဖယ်တွယ်ထားရင်း ရစ်နိုလ်ကို အထင်သေးစွာစိုက်ကြည့်လိုက်သည်၊ဟျူယာဟာ သူ့ကိုမငြင်ဆန်ဘဲ သဘောပင်ကျနေလောက်သည်၊ဒါကို ဘာမဟုတ်တဲ့အစောင့်အရှောက်က စိတ်ကူးယဉ်မသင့်ပေ၊
ရစ်နိုလ်ဟာ အစတည်းက ဟျူယာကိုရော တိုရာလ်ကိုပါ စိတ်မဝင်စားတာကြောင့် တိုရာလ်ရဲ့အပြုအမူပို လိုက်လံဖတ်ရှုမနေပေ၊တစ်ဖက်မှာလည်း ညဘီလူးတွေဟာ လူတိုင်းတွေရဲ့အပြုအမှုကို နားမလည်ကျပေ၊ဟျူယာဟာ တိုရာလ်က သူရဲ့လက်မောင်းကို လာဖက်တွယ်ချိန်မှာ ဒါက လူသားတွေရဲ့အပြုအမှုတစ်ခုလောက်သာ သတ်မှတ်ပြီး ထိုကိစ္စအပေါ် အကြီးကြီးတွေးမနေပင်၊