"မင်းခေါင်းထဲမှာ မိသားစုပဲရှိသလားမြတ်.. မောင့်အတွက်နေရာရောမရှိဘူး အခုကြည့်.. မောင့်သူငယ်ချင်းအတွဲတွေအကုန်စုံပြီး မောင်ပဲ ပဲ့ကျန်ခဲ့တယ် သူငယ်ချင်းတွေကြားထဲ မောင့်ခံစားချက်ဘယ်လောက်ဆိုးနေရလဲ မင်းကို လားရိူးထိတက်လာခေါ်မှ မင်းလာမှာလား မြတ်"

"မောင်ရယ် မြတ်ဒီနေ့တော့တကယ်လာလို့မရလို့ပါ မနက်ဖြန်ဆို ဆင်းလာပေးလို့ရတယ် မြတ်ဆတ်ဆတ်လာခဲ့မယ်နော်"

"တော်ပြီ.. ဒီလောက်ဖြစ်နေရင်လည်း မလာနဲ့တော့ ငါအခြားမိန်းကလေးတစ်ယောက်ကိုပဲ ခေါ်လိုက်တော့မယ်"

မောင်သည် မနက်ကစိတ်ဆိုးပြီး ဖုန်းချသွားခဲ့သည်။ မြတ်လည်း မိသားစုအတွက်အချိန်ပေးနေရ၍ ဖုန်းထပ်မခေါ်တော့ပါ။ ညအားသည့်အချိန် မြတ်ဖုန်းဆက်တော့ မောင်ဖုန်းမကိုင်ပါ။ Facebook ကနေစာပို့သော်လည်း စာကိုဝင်မကြည့်။ မောင်စိတ်ဆိုးရင် ချော့ရသိပ်ခက်ပါသည်။ တစ်ခါတလေ မြတ်ကိုမချစ်တော့ဘူးဟု ထင်သည့်အထိကို ပစ်ထားတတ်သည်။

ထို့ကြောင့်မောင်ဖုန်းမကိုင်မချင်း မြတ်စိတ်တွေမငြိမ်းချမ်းနိုင်အောင် ဖြစ်ခဲ့ရသည်။ မောင့်ကိုလည်း မိသားစုကိစ္စကို နားလည်မှုမရှိဘူးဟု မြတ်အပြစ်မတင်ရက်ပါ။ မောင်ကြီးပြင်းလာသောမိသားစုဘဝက မြတ်နှင့်အတော့်ကို ခြားနားလှသည်ကို။

မောင်ကကြွယ်ဝချမ်းသာသည့်မိသားစု၏ တစ်ဦးတည်းသောသားဖြစ်ပြီး မိသားစု၏ တင်းကျပ်သောစည်းကမ်းတွေအောက်၌ နွေးထွေးပျူဌာသော ချစ်ခြင်းမေတ္တာတွေ ငတ်မွတ်ခဲ့သူဖြစ်သည်။ မောင့်အတွက်မိသားစုဆိုတာက အမိန့်နာခံမှုနှင့် စည်းကမ်းလိုက်နာမှုသာ ဖြစ်လေတော့ မောင်က မိသားစုနှင့်မနေရလေ ပျော်လေဖြစ်သည်။ မိဘကိုချစ်ခင်သည်ထက် ကြောက်ရွံ့လေးစားစိတ်တွေကပိုများသဖြင့် မောင်နှင့်မောင့်မိဘဆက်ဆံရေးက ဆရာနှင့်တပည့်ဆက်ဆံရေးနှင့်ပင်တူသည်။ ထို့ကြောင့် အိမ်မှာမရခဲ့သည့်လွပ်လပ်မှုနှင့် ပျော်ရွှင်မှုကို မောင်ကအပြင်မှာပဲ ရှာဖွေတတ်သည်။

တကယ်တမ်းကျ မောင်ကမိဘစကားကိုနားထောင်တတ်သည့်သားလိမ်မာထက် ကြောက်၍နာခံနေသည်ဟုဆိုလျှင် ပိုမှန်မည် ထင်ပါသည်။ ဆေးကျောင်းကိုတောင် ဝါသနာပါလှသည်မဟုတ်ဘဲ မောင့်အမေဆန္ဒအတိုင်း တက်ခဲ့သည်ဟုဆိုသည်။

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now