ရိပေါ်ထမင်းစားခန်းထဲ ရောက်တော့ ရှောင်ကျန့်က စားပွဲပေါ်မှာ ခေါက်ဆွဲနှစ်ပွဲ​​ပြင်ထားတာ
တွေ့လိုက်ရတယ်

"မောင် ဆင်းလာပီလား လာလေ မနက်စာစားရအောင်"

"အင်း"

ရိပေါ် ရှောင်ကျန့်ပြင်ပေးတဲ့ခေါက်ဆွဲကိုစားနေလိုက်တယ် ဒီအရသာကိုသူမစားရတာ ဘယ်လောက်ကြာပီလဲတောင်မသိဘူး
ရှောင်ကျန့်နဲ့ ရခါစတုန်းကတော့ ခနခနရှောင်ကျန့်က လုပ်ကျွေးတယ် နောက်ပိုင်းစော်အော်လေး
မထင်မှတ်ပဲရလာတော့ သူလဲ ရှောင်ကျန့်ကိုပင်ပန်းတာတွေမလုပ်ခိုင်းဖြစ် ကလေးမွေးပီးတော့လဲ သူအိမ်မကပ်တာကြောင့်
ရှောင်ကျန့်ပြင်ပေးတဲ့ မနက်စာကိုမစားရတာကြာခဲ့ပီ
ရိပေါ်ရှောင်ကျန့်ကို ကြည့်မိတော့
စော်အော်ကိုနို့တိုက်ရင်းနဲ့ ခေါက်ဆွဲကိုစားနေတာ
တွေ့ရတယ် မလွှတ်မလပ်နဲ့ပေါ့

"သည်းငယ် "

ရိပေါ်ဘက်ကအရင်စခေါ်တာမို့ ရှောင်ကျန့်ဘာများပြောမလဲ ခေါင်းထောင်ကြည့်မိတယ်

"မနက်တိုင်း ကလေးတစ်ဖက်နဲ့ အဲ့လိုပဲ မနက်စာစားရတာလား"

"ဟုတယ်လေ မောင်ရဲ့ သားလေးကလွှတ်ထားလို့ရတဲ့အရွယ်မှမဟုတ်ဘဲ"

"အော်"

တစ်ခါတစ်လေမနက်စာမစားရတဲ့နေ့တွေတောင်ရှိတယ်ဆိုတာတော့ထည့်မပြောလိုက်တော့ဘူး
တကယ်တော့ကလေးတစ်ယောက်ကိုထိန်းရတာကအရမ်းအလုပ်များတယ် ရှောင်ကျန့်ကစော်အော်ကို ကိုယ်တိုင်လွယ်မွေးထားပေမယ့် သူဟာလဲယောကျာ်းတစ်ယောက် သာမာန်မိန်းကလေးတချို့တောင် မလုပ်နိုင်တဲ့အရာကို သူကလုပ်နေရတာ ဒီကြားထဲ ယောကျာ်းဖြစ်သူရိပေါ်ကိုပူပန်ရတာ အိမ်များပြန်လာမလားဆိုတဲ့စိတ်နဲ့မျှော်နေရတာက အတော်လေးရှောင်ကျန့်အတွက်ပင်ပန်းရပါတယ် ဒါတွေကိုတော့ရှောင်ကျန့်ထည့်ပြောမနေဘူး
ရိပေါ်က သိချင်တာမေးပီးစားလက်စကိုလက်စသတ်ကာရှောင်ကျန့်ကိုနှုတ်ဆက်ပီးထွက်သွားတယ်
ရှောက်ကျန့်တစ်ယောက်သာစားပွဲမှာစော်အော်ကိုပိုက်လျက်ကြောင်ရက်သာကျန်ခဲ့တယ်
ရိပေါ်ရဲ့သူ့အပေါ် တုန့်ပြန်မှုက ဒီလောက်ပဲလားပေါ့
ရှောင်ကျန့်ခံနိုင်ရည်မရှိတော့ဘူး
ရိပေါ်တောင်သူ့အပေါ်လျစ်လျှူရှူ့နိုင်သေးတာပဲ
သူကဘာလို့မလုပ်နိုင်ရမှာလဲ ရှောင်ကျန့်စောအော်ကိုပိုက်ကာ သူ့တို့အခန်းထဲပြန်ဝင်လာမိတယ်
သေချာသွားပြီသူ့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူး
ဗီဒိုထဲက အိတ်ယူကာသူ့အဝတ်တွေနဲ့ စော်အော်အတွက်လိုအပ်တာတွေကောက်ထည့်နေလိုက်တယ် စော်အော်လေးကသူ့ပါးပါးရဲ့ အလျင်လိုနေတဲ့ပုံစံကြောင့် လန့်ပီးထငိုတယ်
ရှောင်ကျန့်လဲမခံစားနိုင်တော့ဘူး ငိုနေတဲ့သားငယ်ကိုလဲမချော့မိသူပါ လိုက်ငိုမိတော့တယ်
အတွေးတွေကတော့ ရိပေါ်နဲ့သူ့ရဲ့စတွေ့ချင်းဆီသို့ပေါ့
-------------------------------------------------------------
5.2.2023

BJYXSZD🤍

𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚( မောင့်ဆိုင်သူ )Where stories live. Discover now