ဒီလိုမျိုး..ပြေးလိုက်တိုင်း၀ဲနေတဲ့ ဂုတ်ထောက် ဆံနွယ်၀ဲ၀ဲလေးနဲ့ Question Mark ဖြစ်ဖွယ် ပုံရိပ်ငယ်လေးကို မမှိတ်မသုန်ငေးနေကြတဲ့ သူတွေလဲ ပွဲထဲမှာရှိနေခဲ့ပါတယ်...

ဂျီဆောင်းလှမ်းပို့ထားတဲ့ အခန်းနံပါတ်ကို မရောက်ခင်မှာပဲ ငြင်းခုံနေကျတဲ့ အသံတွေကို စပြီးကြားနေရတယ်...။
အခန်းဆီရောက်တော့ ထိုအခန်းနဲ့ မနီးမဝေး နံရံနားမှာ ခေါင်းကုတ်ပြီး အကြံအိုက်နေကြတဲ့ ကင်ဆွန်မင်းနဲ့ ဟန်ဂျီဆောင်းကို တွေ့ရပါပြီ...

" Lixie "

" မင်းရောက်လာလို့ တော်သေးတယ် "

အတော် အပြောကောင်းပါရဲ့...။ မြို့စွန်နားက နေရာတစ်ခုကနေ မြို့လည်ခေါင်ကို ဒုန်းစိုင်းလိုက်လာရတဲ့ ယုံးဘို့က မောလွန်းလို့ ဘာမှမပြောနိုင်ပေမယ့် မထိုးတတ် ထိုးတတ်နဲ့ မျက်စောင်းလေးထိုးလိုက်တော့... သကောင့်သား နှစ်ယောက် အသံအုပ်ပြီး တဟဟ ရယ်တယ်။

Hotel အခန်းတံခါးက ဒီတိုင်းဟောင်းလောင်းကြီးဖြစ်ပြီး ထိုအခန်းထဲမှာ တစ်ယောက်တစ်ခွန်း ငြင်းခုန်နေပုံက တကယ်ကို ရိုက်ပေါက်ပေမယ့်...ဘယ်သူက ဘာပြောနိုင်မှာလဲ...

Hotel ပိုင်ရှင်သခင်လေးနဲ့...VIP ဧည့်သည်တစ်ဦးဖြစ်တဲ့ သခင်မလေးကိုလေ....

" ဒီလိုကြီး ရန်ဖြစ်နေတာ ကြာပြီလား "

" အေး နာရီ၀က်လောက်တော့ ရှိပြီ "

" မင်းတို့ နည်းနည်းလေးတောင် ၀င်မဆွဲဘူးလားဟ "

" ဘယ်လိုဆွဲလို့ရမှာလဲ ဟွမ်ဟျွန်ဂျင်းဒေါသထွက်နေချိန် ၀င်ဆွဲနိုင်တာ မင်းပဲရှိတယ်လေ "

ဒီ့ထက်ပိုဆိုးရင် မီဒီယာတွေ နားထဲေရာက်ပြီး အကျယ်ချဲ့ ရေးကြတော့မှာကို စိတ်ပူရပါတယ် ။ နေရာက လုံခြုံပါတယ်ဆိုရင်တောင် နံရံတိုင်းမှာ နားတွေရှိတယ်မလား ။ ဟျွန်ဂျင်းရဲ့ ထိုသို့သော ကိစ္စတွေမှာ ကန့်လန့်၀င်မပါဖို့ ဆုံးဖြတ်ထားခဲ့တာ...သူက အိုမီဂါတစ်ယောက်မို့ မပြေးသော် ကံရာရှိ... ဟျွန်ဂျင်းနဲ့ ဟျွန်ဂျင်းရွေးချယ်ထားတဲ့ သူကြားထဲ ဆူးညှောင်တစ်ခု မဖြစ်ချင်ရုံမို့လို့ရယ်...။ ဟျွန်ဂျင်းက ဒီတစ်လျောက်လုံး သူမနဲ့ အတူရှိနေတာ မပျော်ခဲ့ရဘူးလားလေ...

Friend Zone Recipe : Page No.2015Where stories live. Discover now