ယဥ်ယဥ်

Start from the beginning
                                    

" ယဉ်ယဉ် ညည်းဘယ်လို ဝတ်ထားတာလဲ "

လှမ်းပြောတဲ့အသံကြောင့် တံခါးဝက အပြင်ထွက်ခါနီး ယဉ်ယဉ် ရုတ်တရက် လန့်သွားသည်။ ပြီးတော့ ကိုယ့်ဘာသာကိုယ် မလုံမလဲ တစ်ချက် ငုံ့ကြည့်လိုက်သေးသည်။ ဘာများ ဖြစ်နေပါလိမ့်လို့ဆိုပြီး ။

" ဘာဖြစ်လို့လဲ ကျူရှင်သွားမလို့လေ "

ဦးမြင့်သောင်းက ရဲပီပီ စကားပြောတာ ဒဲ့ဒိုးပြောတတ်သည် ။ လူတင်ကြမ်းတာ မဟုတ် စကားပြောလည်း ကြမ်းသည် ။

" ဘာဖြစ်ရမလဲ ပေါင်ကလည်းပေါ်နေပြီ။ ညည်းဖင်ကလည်း နောက်မှာ အလုံးလိုက် ထွက်နေတယ် "

" လူတိုင်း စကပ်ဝတ်နေတာပဲ ထူးဆန်းလား ဘဘရယ် "

" ဟ လူတိုင်းဝတ်တာနဲ့ နင်ဝတ်ကောလား ။ သူတို့ တုံးလုံးသွားရင် နင်ကော တုံးလုံးသွားမှာလား "

" သူတို့နဲ့ မဆိုင်ဘူး သမီးကြိုက်လို့ သမီးဝတ်တာလေ "

" အေး ကြိုက်လို့ဝတ်ချင်တိုင်း မသင့်တော်တာကော သင့်တော်တာကော ဝတ်စရာလား။ ကိုယ်ကမိန်းကလေး။ ပြီးတော့ ညည်းကိုယ်ညည်း ၄ တန်း ၅ တန်း ဖင်မရှိတဲ့ အရွယ်လို့ မှတ်နေလား။ ကိုယ့် တင်ပါး အရွယ်အစား ကိုယ်ပြန်ကြည့်ဦး ။ ညည်းဖင် အရွယ်ကြီးကို ဒီပုံစံနဲ့ ကြပ်ထုပ်နေအောင် ဝတ်သွားတော့ ယောင်္ကျားတိုင်းက နင့်နောက်ပိုင်းကို လိုက်ငမ်းတာ ခံမလား "

ယဉ်ယဉ်လည်း ဘကြီးသောင်း ပွားတာတွေကြားပြီး ဒေါပွလေပြီ ။ သူ့ဘာသာ တစ်သက်လုံး ဝတ်လာတာ အခုမှ အဓိပ္ပါယ် မရှိတာတွေနဲ့ လာဆုံးမနေတယ် ။

" ဘဘ ဒီခေတ်အခါမှာ ဒီလောက်ဝတ်တာကို ဘယ်သူမှ အထူးအဆန်းလုပ်ပြီး လိုက်ကြည့်မနေဘူး ။ ဘဘသာ ခေတ်အမြင်မရှိလို့ ကြည့်မရဖြစ်နေတာ "

" နင် တစ်ခွန်းမကျန် ပြန်ပြောနေပါလား "

" မဟုတ်တမ်း တရားတွေ လာပြောတာကိုး ။ သိပ်ပြောချင်လည်း နောက်မှပြောတော့ ကျူရှင်နောက်ကျနေပြီ "

အပြာစာWhere stories live. Discover now