Part - 42 ( Zg + Uni)

Start from the beginning
                                    

အဝတ်အစားကလည်း မရှိ၊  စောင်ပါးပါး
လေး တစ်ထည်ကိုပဲ ရင်ဘတ်ထိရောက်
အောင် ဆွဲခြုံထားသေးသည်။
ဒါ့အပြင်​ သူ့ မှာလည်း အဝတ်အစားက မရှိ၊
ဒါပေမဲ့ အောက်က ဂျင်းဘောင်းဘီက​တော့
ရှိနေသေးသည်။

သား ဖြစ်သူက သမီးချစ်သည်း ကို ကြည့်လိုက်
ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်
လုပ်နေရာကနေ သူ့ဆီ ပြန်ကြည့်လာတာနဲ့
ဦးနေယံ မျက်နှာထားကို ခပ်တည်တည်
တင်းထားပစ်လိုက်သည်။

" သိပြီလား ခေါင်ယံမှိုင်း. .!!
ငါ ဘာကြောင့် မင်းကို ထိုးရတာလဲဆိုတာ..! !
မွေးရကျိုး မနပ်တဲ့ ကောင်..! ! "

" ဒယ်ဒီ စကားတွေ လွန်မယ်နော်
ချစ်သည်းမှာ အင်္ကျီ မပါတိုင်း
သူနဲ့ ကျတော် မှားပြီမထင်နဲ့..
သူနဲ့ ကျတော် ဘာမှမဖြစ်ဘူး "

" နင် ဘယ်လို ပြောလိုက်တာလဲ ခေါင်ယံ. .??
ငါ့က မိန်းကလေးပါ နင် စာနာပါအုံး "

" ဟုတ်တယ် သားငယ် မင်း စကားတွေ
အရမ်းရိုင်းတယ်.. .ဒီအခြေအနေထိ
ရောက်နေမှတော့ မင်း ဘာမှ မငြင်းချင်နဲ့...
သမီးချစ်သည်း နဲ့ မင်း လက်ထပ်ဖို့ပြင်.. "

" လုံးဝပဲ ကျတော် သူနဲ့ မမှားတဲ့အတွက်
ကျတော် သူ့ကို လက်မထပ်နိုင်ဘူး မာမီ "

" မင်း စကားကို ဆင်ခြင်ပြီးပြောပါ
သားခေါင်ယံ... အန်ကယ် သမီးကို
မင်း တာဝန်ယူကို ယူရမယ် "

" အန်တီကြည်ဖြူ လည်း ဒီတစ်ခါ
အလျော့မပေးနိုင်ဘူး သားခေါင်ယံ. ..
အခု ကိစ္စက မင်းကိုယ်တိုင်ကိုက
အန်တီကြည်ဖြူ သမီးအပေါ် ကိုယ်ထိ
လက်ရောက် ကျူးလွန်တာ ...
တကယ်လို့ မင်း တာဝန်မယူဘူးဆိုရင်
အန်တီကြည်​ဖြူ  မင်းကို ရဲတိုင်ရလိမ့်မယ် "

" ဟုတ်တယ် ကြည်ဖြူ ပြောသလို
အန်ကယ်လည်း ရဲတိုင်ရလိမ့်မယ် "

ချစ်သည်းမာန် ရဲ့ မိဘတွေ ဦးနိုင်စေမာန် နဲ့
ဒေါ်ကြည်ဖြူခင် က ရဲတိုင်ဖို့ ပြောလာတော့
ဦးနေယံ နဲ့ ဒေါ်ဆုမြတ်ရှင် မျက်နှာက
မကောင်းဖြစ်သွားကာ ...

" အဲ့ဒီလိုတော့ မလုပ်ပါနဲ့  ကြည်ဖြူနဲ့
ကိုစေမာန် ရယ် ဆုမြတ် တောင်းပန်ပါတယ်. .."

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now