CHAPTER - 8 [Zawgyi]

Comincia dall'inizio
                                    

သို့ပါသော်လည်း ဘယ်ကပေါ်လာမှန်းမသိသည့် lordက သူတို့ရှေ့ရောက်လာကာ ရန်သူအားပစ်ခတ်လိုက်မှုကြောင့် Ian၏လှုပ်ရှားမှုများရပ်တန့်သွားသည်။

ထို့နောက်ဘေးရှိ ရန်သူများအား မနားတမ်းပစ်ခတ်မှုကြောင့် အလဲလဲအပြိုပြိုဖြစ်သွားသည့်ခန္ဓာကိုယ်များ

"ဘာဖြစ်သွားသေးလဲ"

စိုးရိမ်မှုအပြည့်ပါဝင်သည့်အသံနှင့် Oliviaအား တယုတယထိကိုင်လိုက်သည့် lordအား မြင်နေရသည်။

Olivia သည် ခပ်နုနု ပျော့ညံ့သည့် မိန်းမငယ်လေးမဟုတ်သည့်တိုင်

မည်သူ့အကူအညီမှမပါဘဲ ပစ်ခတ်နိုင်သည့်တိုင်

Lordကတော့ Oliviaအ‌ပေါ် စိုးရိမ်မှုများနှင့်။

Ian ဘေးရှိပစ်ခတ်မှုများကို သတိမရတော့ဘဲ မျက်စိရှေ့ရြှိမင်ကွင်းကိုသာ
သတိလက်လွတ် အသိမရှိသူတစ်ယောက်လို ကြည့်နေမိသည်။

နှလုံးသား၏နူးညံတဲ့နေရာက နာကျင်လာတဲ့အခါ အသိဉာဏ်တွေ ပျောက်ဆုံးသွားတတ်တယ်ထင်ရဲ့။

လှုပ်ရှားမှုလည်း မလုပ်မိသလို ပစ်ခတ်နေတဲ့ကျည်ဆံတစ်တောင့်ရဲ့အန္တရာယ်ကိုလည်းသတိမရတော့။

"Ian ဘေးကိုရှောင်"

အော်ပြောလာသည့် Owenစကားကိုကြားလိုက်သော်လည်း သူ‌ရှောင်ဖို့မေ့နေခဲ့ပြန်ပြီ။

Owen အော်ပြောလိုက်သည့်စကားမို့ Lordလည်းကြားသွားပုံရပြီး Ianဘက်သို့ကြည့်လာ၏။

"ဒိုင်း!!"

"အ့"

သိပ်မကြာလိုက်။ခန္ဓာကိုယ်၏ ဘယ်ဘက်ရင်အုံသို့ နက်နက်နဲနဲ ဝင်ရောက်ထိုးဖောက်သွားသည့် နာကျင်မှုတစ်ခုကြောင့် သူခံစားလိုက်ရသည်မှာ စူးစူးရှရှ

ခန္ဓာကိုယ်မှ အနည်းငယ်ပူနွေးသော သွေးများထွက်လာတာကို သူသိလိုက်သလို
လဲပြိုတော့မည့်ခန္ဓာကိုယ်က ထိန်း၍မရတော့။

တဖြည်းဖြည်းမူးဝေလာသည့်‌ ခေါင်း‌ကြောင့်ဘေးပတ်ပတ်လည်ကို သေချာမကြည့်နိုင်ခဲ့။

ခန္ဓာကိုယ်ကလည်းမြေပြင်ပေါ်သို့ဒူးထောက်ကျသွားသလို ပြေးလာသည့် Owenကိုလည်း ဝေးဝေဝါးဝါးမြင်လိုက်ရသည်။

LORD OF ALL {Ongoing}Dove le storie prendono vita. Scoprilo ora