CHAPTER - 6 [Zawgyi]

Start from the beginning
                                    

စင်ပေါ်ရှိ လှုပ်ရှားနေသောလူအား သေချာကြည့်နေပါသော Frederick

အကြည့်များကစူးရှနေကာ
မျက်တောင်မခတ်တမ်းကြည့်ရှုနေသလို

ခဏကြာတော့ လက်ထဲရှိ Rolex watch အားငုံ့ကြည့်လိုက်ပြီးနောက် ဘေးရှိ Olivia အား ‌ကြည့်လိုက်၏။

သူကြည့်နေသည်ကို Olivia ကလည်းပြန်ကြည့်လာကာ ပြုံးပြလာ၏။

Frederickမျက်နှာထက် အပြုံးတို့ဖြစ်ထွန်းသွား၏။

"သွားတော့မလို့လား"

ခန့်ညားလှသည့် ချစ်ရသူအား oliviaမေးလိုက်သည်။

ခေါင်းညိတ်ပြလာသည့် Frederick၏မျက်ဝန်းများက ကြင်နာမှုများအပြည့်ဖြင့်။

ယခင် စင်ထက်ရှိလူအားကြည့်နေသော အကြည့်များနှင့် လားလားမျှမသက်ဆိုင်။

"အင်း"

"ဂရုစိုက်နော်"

သူမ၏ပါးထက် နူးညံ့သည့်အနမ်းတို့ခြွေချလာကာ ခေါင်းညိတ်ပြပြီးထွက်သွားသည့် Frederickအား Oliviaလိုက်ကြည့်နေမိ၏။

အလိုလိုနေရင်းကို အရှိန်အဝါအပြည့်ရှိနေသည့်Frederick ကဲ့သို့သော အမျိုးသားအား
ပိုင်ဆိုင်ရသည့်အတွက် သူမသိပ်ကိုကံကောင်းပါ၏။

အလုပ်‌ဘယ်လောက်ပဲရှုပ်ရှုပ် သူမကိုအချိန်အမြဲပေးတတ်သည့် Frederick

အခုချိန်ထိ သစ္စာဖောက်ဖျက်ခြင်း
မြူတစ်မှုန်စာတောင်မရှိခဲ့သည့် Frederick

တည်ကြည်ခန့်ညားပြီး အများလေးစားအားကျရသော Frederick ကဲ့သို့ အမျိုးသားသည်ကား သူမ၏ပိုင်ဆိုင်သူတဲ့‌လေ။

ဘယ်လောက်သဘောကျစရာကောင်းလိုက်ပါသလဲ...

/////////////////

Olivia၏အနီးနား၌ အသင့်ရပ်နေရသော Ian၏မျက်ဝန်းများက အနည်းငယ်မှုန်မှိုင်းနေ၏။

လေလံပွဲအား စိတ်ဝင်တစားကြည့်နေသော သူ့ရှေ့ရှိအမျိုးသမီးအား ကြည့်လိုက်မိချိန်တိုင်း အလိုလိုသိမ်ငယ်စိတ်ဝင်သွားရစမြဲ

သူမကိုမုန်းလားဟုမေးလာလျှင်လည်း
ဘာအကြောင်းကြောင့်နဲ့မှမမုန်းရက်။

တကယ်ဆို သူမနဲ့မှမသက်ဆိုင်ပဲလေ။

"သူမကိုမထိခိုက်စေနဲ့" တဲ့

LORD OF ALL {Ongoing}Where stories live. Discover now