part 3(z+u)

108 15 6
                                    


ပိတ်ရက်တွေရဲ့ မနက်ခင်းက ပုံမှန်နေ့ရက်တွေထက်ပိုပြီးငြိမ်သက်နေတယ်လို့ ကျွန်တော်ထင်တယ်။ မနေ့က အလုပ်နောက်ကျမှဝင်ခဲ့တာကြောင့် အချိန်ပိုဆင်းပေးပြီး တော်တော်ညဥ့်နက်မှအိမ်ကိုပြန်ရောက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် ဒီမနက်ကို နာရီဝက်လောက်အိပ်ယာထနောက်ကျသွားတယ်။ ဒီနေ့က စနေနေ့ဖြစ်ပြီး ကျောင်းရော အလုပ်ရောပိတ်တယ်။ ဒီလိုအားလပ်ရက်နေ့တွေဆို အချိန်ကုန်တာအရမ်းကြာတာပဲ။

ဘာပဲဖြစ်ဖြစ် တစ်နေ့တာစပြီဆိုတော့ ပုံမှန်လုပ်နေကြအတိုင်းပဲ မျက်နှာသစ်သန့်စင်ပြီးတော့ လမ်းလျှောက်ထွက်လာလိုက်တယ်။ စနေနေ့မနက်ခင်းရဲ့ရာသီဥတုက သာယာနေပြီး အိမ်ပြင်ထွက်လိုက်တာနဲ့ အေးမြတဲ့ လေညှင်းလေးက တိုးဝှေ့တိုက်ခတ်သွားတယ်။ ရင်ဘတ်ကိုဖွင့်ကားပြီး လေအေးတွေကို အဆုတ်အပြည့်ရောက်အောင် ခပ်ပြင်းပြင်းရှူသွင်းလိုက်ရင်း မနက်ခင်း လမ်းလျှောက်ထွက်ဖို့ ကျွန်တော်ခြံပြင်ထွက်ခဲ့လိုက်တယ်။

" ကျွတ်! !....ကျွတ်!!.... ဒီမှာ မင်းစားဖို့... လာယူလေ လာ "

ခြေလှမ်းမှန်မှန်နဲ့ ကျွန်တော်လျှောက်လာရင်း လမ်းထိပ်ရဲ့ ဒေါင့်ကျတဲ့ အမှိုက်ပုန်းကြီးနားက ရင်းနှီးတဲ့ အသံတစ်ခုထွက်ပေါ်လာတာကြောင့် ကျွန်တော့်ခြေလှမ်းတွေ ရပ်လိုက်မိတယ်။ အသံလာရာကို လှမ်းကြည့်လိုက်တော့ လက်ထဲမှာ ပေါင်မုန့်ကြီးကြီးတစ်လုံးကိုင်ထားတဲ့ ဟန်ဂျီဆောင်းဆိုတဲ့ကောင်လေးပါ။ သူက အမှိုက်ပုန်းကြီးနှစ်ခုကြားရှေ့မှာ ဆောင့်ကြောင့်ထိုင်နေရင်း တစ်စုံတစ်ခုကိုအစာခေါ်ကျွေးနေပုံရတယ်။

" လာပါ hyung ကမင်းတို့ကို မနက်စာလာကျွေးတာလေ ရော့......မကြောက်နဲ့ ထွက်လာခဲ့နော် "

နှုတ်ခမ်းသေးသေးလေးကို စုဝိုင်းကာ တကျွတ်ကျွတ်အသံလုပ်ရင်း ချော့ခေါ်နေတဲ့ ကောင်လေးကို ကျွန်တော် စိတ်ဝင်တစားငေးကြည့်နေမိတယ်။သူက အမှိုက်ပုန်းကြီးကြားထဲကဘာသတ္တဝါကိုခေါ်ပြီး အစာကျွေးနေတာလဲ။ ခွေးလား၊ ကြောင်လား ဒါမှမဟုတ် ကြွက်များလား။

" မြောင်......မြောင်....."

ကျွန်တော်တစ်ကိုယ်တည်းစဥ်းစားနေတဲ့မေးခွန်းတွေကို ချက်ချင်းဖြေပေးလိုက်သူက တမြောင်မြောင်အော်ပြီးထွက်လာတဲ့ ကြောင်ပေါက်လေးနှစ်ကောင်ပါ။ လသားအရွယ်သေးသေးကွေးကွေးလေးတွေက သူတို့မျက်စိရှေ့မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ ခပ်လုံးလုံးနဲ့ကောင်လေးဆီကို မရဲတရဲခြေလှမ်းတွေနဲ့ ဖြည်းဖြည်းချင်းတိုးသွားတယ်။ ကြောင်လေးနှစ်ကောင်ထွက်လာတာမြင်တော့ ကောင်လေးမျက်နှာကပြုံးသွားပြီး ဘေးတိုက်မြင်နေရတဲ့ ပါးလေးတွေက ပေါက်စီတစ်လုံးလို ဖောင်းတက်လာခဲ့တယ်။

HappinessWhere stories live. Discover now