Part 26( Uni + Zaw)

Start from the beginning
                                        

================================

Zaw

(အပိုင်း - ၂၆)

"ဟိတ်ကောင်လေး... မင်းနာမည် ဘယ်သူပါလိမ့်"

"ခင်သိန်း "

"မင်းက ဘာလို့ ဒီထဲရောက်လာတာလဲ"

"လူရိုက်မှုလို့"

ခင်သိန်းပင်ပန်းလို့ အိပ်ချင်ပါတယ်ဆို အဲ့ဉီးလေးက ဘာတွေလာမေးလို့မေးမှန်းလည်း မသိဘူး။ မေးသမျှကို ဖြေချင်သလိုသာ ဖြေနေလိုက်သည်။ မဖြေရင်လည်း ဆက်တိုက်မေးနေတော့မှာ။

"ဉီးလေးနာမည်က ဉီးတင်မောင် တဲ့။ ဟိုဘက်မြောက်ပြင်ဘက်မှာနေတယ်။"

"အင်းအင်း"

တကယ်ပါ ခင်သိန်းအလွန်အိပ်ချင်နေပြီ။ ဒီလူကြီး တစ်နေကုန်ပြောပါ့လိမ့်စကားတွေ သန်းခေါင် လူအိပ်ချိန်မှ ပြောလိုက်တဲ့စကားတွေ ခင်သိန်း အင်း သာ လိုက်ရသည်။

"ငါ့တို့ လင်မယား၂ယောက်မှာ စိတ်မနှံ့တဲ့ သမီးလေးတစ်ယောက်ရှိတယ်။ ငါကလည်း မနက်လင်း အလုပ်သွား၊ ငါ့မိန်းမကလည်း မိုးလင်းရင် ဈေးရောင်းသွားရတယ်။ ငါ့တို့သမီးလေးက အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တာပေါ့ကွာ။"
ငါ့သမီးလေးက လူကောင်တောင် မကြီးသေးပါဘူး။ အဲဒါကို အဲဒါကို လူမဆန်ကောင်တွေက မိုက်ရိုင်းခဲ့တာ"

ခင်သိန်း အင်း မလိုက်နိုင်တော့ဘူး။ ဆက်လည်း မအိပ်နိုင်တော့ဘူး။ ဉီးလေးကို ခင်သိန်းထိုင်ကြည့်မိသည်။ မျက်လုံးတွေက အရည်လဲ့လဲ့ ပြတင်းပေါက်က လမင်းကြီးကို တွေတွေကြီး ကြည့်ပြီးပြောနေတာ။
ဟုတ်သားပဲ ။ ဉီးလေးပြောခဲ့သားပဲ။ သူက မှုဒိမ်းမှုကိုမှ လူသတ်လို့ကျရတာတဲ့။ သူ့သမီးလေးကို မှုဒိမ်းကျင့်သွားခဲ့တာပေါ့။

အခုလည်း သူ့သမီးလေးကို လွမ်းလို့ထင်ပါတယ်။ ခင်သိန်းအိပ်နေတာတောင် ဇွတ်နိုးပြီး သူ့အကြောင်းတွေ ပြောပြနေတာ။ လူတိုင်းက သင့်တင့်ရာ ဒေသ၊ နေရာမှာ အဆင်ပြေအောင်နေနေရပေမဲ့ နှလုံးသားကို ထိုးစိုက်နေတဲ့ စူးတွေကတော့ ရင်ဘတ်တိုင်းမှာ ရှိစမြဲပါပဲ။ လူတစ်ယောက်လုံး ပူဆွေးနေတာကို ခင်သိန်း မသိကျွေးကျွန်မပြုနိုင်တော့ ။ သူ့နားထိုင်ပြီး တိတ်တိတ်လေး နားထောင်ပေးနေလိုက်တယ်။

လွတ်လပ်ခွင့် ( Uni + Zaw)Where stories live. Discover now