"အဲ့လူကို ရိုက်လိုက်လို့လား"
"ဆုံးအောင်နားထောင်ပါအုံး ဦးလေးရယ်"လူလိမ်ခံရတော့ ခင်သိန်းပိုက်ဆံတွေအကုန်ပါသွားတယ်။ လုပ်အားခတွေရောပေါ့။ ခင်သိန်း ညံ့လို့ခံရတာပါ ။ ဒါကအပြစ်မဟုတ်ပါဘူး။ ဒါနဲ့ပဲ လူယုတ်မာနဲ့ ပတ်သတ်ဖို့ဖြစ်လာခဲ့တယ်။ သူက ခင်သိန်းကို ပိုက်ဆံထုတ်ချေးတယ် အလုပ်ပေး၀င်တယ်။ သူလိုချင်တာ ရှိလို့ပေါ့။ နောက်တော့ ပြဿနာတွေတက်ပြီး ခင်သိန်းကို ယုတ်မာတယ်။ နောက်ပြီး ခင်သိန်းသူတို့ကိုရိုက်မိတယ်။
အဲ့ဒါကို ခင်သိန်းကို ရှေ့နေတွေ လာဘ်ထိုးပြီး ထောင်ထဲထည့်လိုက်တယ်လေ။"
"ဟမ် သူကလည်း ယောက်ျားချင်းကိုလား
အဲလိုလူမျိုးတွေက ရှိသေးတာလား"
"သိပ်ရှိတာပေါ့ ဦးလေးရယ်၊လူတွေက မရှိရင် နှိမ်ချင်ကြတယ်။ မရှိ ခိုးနိုးဆိုပြီး ထင်ချင်ကြတယ်။"
"ငါလည်း မရှိတဲ့ဘ၀က လာခဲ့တာမို့ ၊ မင်းခံစားချက်ကို မခံစားပေးနိုင်ပေမဲ့ရယ်လို့ နားတော့ နားလည်ပါတယ်။ ငါသတိပေးထားတာလည်း မမေ့နဲ့အုံး ကြားလား။"
"ဟုတ် ဟုတ်ကဲ့ပါ"
"ကဲ...ကဲ အိပ်ရေးပျက်ကုန်ပြီ။ အိပ်တော့မယ် မင်းလည်း အိပ်တော့"
အေးစက်နေသော အင်္ဂတေကြမ်းပြင်ပေါ်ကို ခင်သိန်းနောက်တစ်ဖန် ပြန်လှဲနေလိုက်သည်။
ခင်သိန်း အိမ်ကိုသတ်ိရသည်။ အိမ်ထဲက အမေ့ကိုလည်း သတိရသည်။ အရင်ကအေးချမ်းခဲ့တဲ့ ခင်သိန်းဘ၀လေးကိုလည်း သတိရသည်။ ပင်ပန်းဆင်းရဲပေမဲ့ ပျော်နိုင်ခဲ့တဲ့ဘ၀လေး ။ မနက်လင်း အလုပ်ဆင်းပြီး ညကျ အမေ့ရင်ငွေ့လေးရှိတဲ့ အိပ်ယာထဲ အမောပြေ အညောင်းပြေ လှဲနေလို့ရတယ်။
အရင်လို အမေကြိုက်တက်တဲ့ ဟင်းလေးတွေကို ချက်ကျွေးချင်တယ်။ ညည အမေ့ရဲ့ ဘုရားရှိခိုးတဲ့ အသံလေးတွေကိုလည်း ကြားချင်သေးတယ်။ အခုတော့ ဒါတွေက အလွမ်းသက်သက်သာပါပဲ။
အမေ့အိပ်ယာလေးအစား အေးစက်နေတဲ့ကြမ်းပြင်ပဲရှိတယ်။ အမေ့ရဲ့ ဘုရားရှိခိုးသံလေးအစား အော်ဟစ်ဆဲဆူသံတွေပဲရှိတယ်။ အိမ်ဟင်း အိမ်ထမင်းအစား ကြမ်းထော်နေတဲ့ ထမင်းနဲ့ ဆားမပါတဲ့ဟင်းတွေပဲရှိတယ်။
တကယ်တော့ အိမ်ဆိုတဲ့အရာက နွေးထွေးမှုထက်ကို ပိုပြီး ပြည်စုံတယ်။
VOCÊ ESTÁ LENDO
လွတ်လပ်ခွင့် ( Uni + Zaw)
Não Ficçãoမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။
Part 26( Uni + Zaw)
Começar do início
