Part 26( Uni + Zaw)

Começar do início
                                        

"ပြောပါဦး ဦးလေး"

"ငါတို့နေရတာက ကျူးကျော်လေးထဲမှာ ။ လူပေါင်းစုံ ၊ စရိုက်ပေါင်းစုံပဲ။ တရက် ငါ့လည်း ပုံမှန် အလုပ်သွား၊ ငါ့မိန်းမလည်း စျေးရောင်းထွက်တယ်။ အိမ်မှာ သမီးလေးတစ်ယောက်တည်း အဲ့ဒါကို သမီးလေးကို
ယုတ်မာခဲ့တာ။"

"ဘယ်သူတွေကပါလိမ့် ဦးလေးရယ်"

"အိမ်ဘက်က ကောင်တွေပေါ့ကွာ။ တစ်ကောင်တောင်မဟုတ်ဘူး ၂ကောင် တောင် ။
တောက်စ် ...ငါလည်း ဓားမယူပြီး နှစ်ပိုင်း ပိုင်းလာခဲ့တာ။"

ဦးလေးကို ခင်သိန်းငေးကြည့်မိတယ်။ ဦးလေးက ခင်သိန်းထက် ပိုပြီး သတ္တိရှိတယ်။ ခင်သိန်းလည်း ထောင်ကျခဲ့မဲ့အတူတူ ဟိုခွေး၂ကောင်ကို ပိုင်းပစ်ခဲ့ရမှာ။

"ငါ့သမီးလေးမှာ အသက်တောင် ပါမလာတော့ဘူး။ ငါ့မိန်းမလည်း သမီးစိတ်ရော ငါရောကြောင့် နေမကောင်းဖြစ်ရာကနေ အခု ဆုံးသွားတာ အခါတောင်လည်လောက်ပြီ။ဦးလေးမှာ သွယ်ရမဲ့ နှောင်ကြိုးတွေ မရှိတော့ဘူး။ ဆုံးရှုံးစရာဘာမှမကျန်တော့ဘူး။"

"အို "

ခင်သိန်း အံ့သြမိတယ်။ လူမမည်တဲ့ စိတ်မနှံ့တဲ့ ကလေးကိုမှ လုပ်ရက်လေခြင်း။
ဦးလေး အဖြစ်ထက် ခင်သိန်းအဖြစ်က ဘာဟုတ်ဦးမှာလဲ။ ခင်သိန်း ဦးလေးကို ကြည့်မိသည်။ လရောင်ဖြင့် မြင်ရသော မျက်နှာမှာ မျက်ရည်စက်တွေနဲ့။ မျက်ရည်ဆိုတာ ပျော်ရွှင်ခြင်း ၊ ၀မ်းနည်းခြင်း ၊ နာကျည်းခြင်းအတွက် အမှတ်သင်္ကေတပဲ။ တချို့က မျက်ရည်ကို ဘ၀ရဲ့ အရှုံးပေးခြင်းလို့ ပြောကြတယ်။ အဲလိုမဟုတ်ဘူး အရှုံးပေးတာမဟုတ်ဘူး ခံနိုင်ရည်ရှိအောင် မျက်ရည်က ခွန်အားဖြည့်တင်းပေးနေတာ။

"ငါ့ကြောင့် မင်းရော အိပ်ရေးပျက်ကုန်ပြီ။"

"မဟုတ်ပါဘူး ဦးလေးရယ်၊ ခင်သိန်းလည်း ခင်သိန်းအကြောင်းပြောပြချင်တယ်။ခင်သိန်းလည်း ဦးလေးလိုအဖြစ်မျိုးနဲ့ နည်းနည်းဆင်တူတယ်။"

"မင်းပြောတော့ လူရိုက်မှုဆို"

"ဟုတ်တယ်လေ ။ တကယ်ဆို လူသတ်မှုဖြစ်သွားခဲ့ရမှာ"
ခင်သိန်းက တကယ်တော့ မိန်းမလျာတစ်ယောက်ပါ။ မိန်းမလျာဆိုပေမဲ့ နုနုရွရွအလုပ်လုပ်နေတာမဟုတ်ပါဘူး ပန်းရံလုပ်တာပါ။
တစ်နေ့တော့ ခင်သိန်းလူလိမ်ခံရတယ်။"

လွတ်လပ်ခွင့် ( Uni + Zaw)Onde histórias criam vida. Descubra agora