Part - 37 ( Zg + Uni)

Start from the beginning
                                    

" စိတ်ချ သမီး ချစ်သည်းလေး...သူ
မသိစေရဘူး "

" ဟုတ် မေမေဆု...အခု ခေါင်ယံ တပည့်
မိုက်ကယ်က ခေါင်ယံ ဘားမှာဆိုတော့
ချစ်သည်းတို့ လွန်ကြိုးဖြူဖြူဆီ
သွားတာ သူလည်း မသိဘူး...
ဒီတော့ ခေါင်ယံ လန်ဒန်ကနေ
ပြန်ရောက်လာတဲ့ အခါကျရင်
အခု ကိစ္စကို သိမှာမဟုတ်ဘူး...
ခေါင်​ယံ ကို သိစေမယ့် လူတွေက
ပြသာနာတွေ ဖြစ်ခဲ့တဲ့ နေရာမှာ
ရှိနေတဲ့ လူတွေအကုန်လုံးပဲ...
ဟိုဘက် ဂေဟာရဲ့ အခြေအနေကို
ချစ်သည်း လေ့လာကြည့်ရသလောက်
ဒီကိစ္စ ကို ပြန်ပြောမယ်မထင်ဘူး...
ဒါ​ပေမဲ့ လွန်ကြိုးဖြူဖြူ ပြောရင်တော့ မသိဘူး "

" စိတ်ပူမနေနဲ့ သမီး ချစ်သည်း.....
အဲ့ဒီကလေးမ မပြောအောင် မေမေတို့က
လုပ်ရမှာပေါ့....ဟုတ်တယ်မလား "

မေးလာသော ဒေါ်ဆုမြတ်ရှင် မျက်ဝန်းတွေက
ကောက်ကျစ်တဲ့ အပြုံးတွေနဲ့။

သားစိတ်နဲ့  သူမလည်း မကောင်းတဲ့မိခင်
တစ်ယောက် ဖြစ်နေပြီဆိုတာ သူမကိုယ်တိုင်
တောင်  ​ဒေါ်ဆုမြတ်​ရှင်​ ပြန်သတိမထားမိခဲ့ပါ။

**********************

ညနေစောင်း နေပြီဖြစ်​တဲ့အတွက် မိုတယ်
တစ်ခုမှာပဲ ဖြူဖြူ ငှားနေလိုက်သည်။

ဟိုတယ်တော့ ဖြူဖြူ မတတ်နိုင်သေးပါ။
ဟိုတယ်ခတွေက ဈေးအရမ်းကြီးသည်။

မိုတယ်က ဟိုတယ်ထက် သေးပေမဲ့ ဈေး
အရမ်းချိုသည်။

မနက်ဖြန် ကျရင် ဖြူဖြူ အချိန်အပိုင်းလုပ်တွေ
မေးကြည့်ရမယ်။ ဒါမှသာ ဖြူဖြူ ဘဝက
ဆက်ရပ်တည်လို့ ရမှာ။

-
-
-
-
-
-
-
-
-
-
-

"  စာကျက်နေပြီလား ဖြူလေး
ဒီမှာ ဖြူလေး အတွက် မာသာ
နွားနို့ ယူလာတယ်နော် "

စိတ်ညစ်တာ ပျောက်အောင် စာလုပ်ဖို့
ကြံ​တော့ စာအုပ်ကောက်ကိုင်လိုက်တာ
နဲ့ အရင်က စာလုပ်တိုင်း နွားနို့ယူလာ
ပေးတဲ့ မာသာ ကို သတိရမိသွားသည်။

ဒီတစ်သက် ဖြူလေး လို့ ခေါ်တတ်တဲ့ မာသာ
ရဲ့ အသံကို ဖြူဖြူ ကြားနိုင်တော့မှာ
မဟုတ်။

တစ်လက်စတည်း ဖြူဖြူ ကို လိမ်ရက်တယ်
ဆိုပြီး ဝမ်းနည်းစွာကြည့်နေသော မာသာ 
အကြည့်တွေက မျက်လုံးထဲ ကပ်ပါလာပြန်သည်။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now