Part - 35 ( Zg + Uni)

Start from the beginning
                                    

" ကျေးဇူးပါ သမီးရေ.. .ဒါဆို ဦး သား
နဲ့ မပတ်သက်ဖို့ သမီး လုပ်ပေးနိုင်မလားဟင် "

လူကို ​စေ့​စေ့ကြည့်​ကာ ​တောင်းဆိုလာသဖြင့်
အချိုသာဆုံး ပြုံးလိုက်​မိသည်​။

" ဟုတ် ဦးလေး ဖြူဖြူ လုပ်ပေးနိုင်ပါတယ်
ဒါပေမဲ့ ဖြူဖြူ ကို အချိန်လေး ခဏလောက်
တော့ ပေးပါအုံး...ကိစ္စလေး နည်းနည်း
ပါးပါး ရှင်းစရာရှိလို့ပါ "

" ရပါတယ် သမီး... အခုလို ဦး
ပြောတာကို သမီးက လက်ခံပေးတာနဲ့တင်
ဦး က သမီးကို အရမ်းကျေးဇူးတင်နေပါပြီ..
သမီးမှာ တစ်ခုခုလိုအပ်တာတွေရှိလားဟင်
ဦး သမီးကို  ကူညီပေးချင်လို့ပါ "

သူ့ သားကို မပတ်​သက်​​တော့ဘူးလို့ ဖြူဖြူ
ကတိ​ပေး​လာ​တော့ အားနာလို့ ထင်​ပါရဲ့။
ဘာပြန်​လုပ်​​ပေးရမလား သ​ဘော
သက်​​ရောက်​တဲ့ ​မေးခွန်း ဆိုလာခဲ့သည်​။

" ရပါတယ် ဦးလေး.... ဖြူဖြူ အတွက်
ဘာမှ မလိုအပ်ပါဘူး.. .ဒါပေမဲ့ တစ်ခု
လောက်တော့ ဦးလေး ကို ဖြူဖြူ
အကူအညီ တောင်းချင်တယ်...
ခေါင်ယံမှိုင်း ဖြူဖြူ ကို ထပ်မပတ်သက်ဖို့
ဖြူဖြူ လုပ်တဲ့ အချိန်မှာ မအောင်မြင်သွား
ရင် ဦးလေး ပါ ဝိုင်းကူညီပေးပါနော် "

" အိုကေ သမီး... ဦး ကူညီပေးပါ့မယ်
ဒီမှာနော် ဦး ကဒ်... အကူအညီ လိုရင်
သမီး ဖုန်းဆက်ပေါ့ "

" ဟုတ် ဦးလေး "

ထင်မထားခဲ့ပါ။  လွန်ကြိုးဖြူဖြူ ဆိုတဲ့
ကလေးမလေး အခုလို ပြောရဆိုရ
လွယ်လိမ့်မယ်လို့။ နာမည်လေး အတိုင်း
အရမ်းကို သိမ်​မွေ့ပြီး လူလေးကလည်း
သိပ်ကို လှတဲ့ ကလေးမလေးပါ။ သားဖြစ်သူ
စွဲလမ်းလည်း စွဲလမ်းလောက်ချင်စရာပါ။

စကားပြောတိုင်း ဖြူဖြူ ဖြူဖြူ နဲ့ သုံးသွား
တဲ့ အသံလေးကအစ သိပ်ကို နားဝင်
ချိုလှသည်။

ဒီလောက်ရုပ်ချော၊  စိတ်သဘောထားပြည့်ဝ
တဲ့ ကလေးမလေးကို သားဖြစ်သူနဲ့
သူ ပေးစားချင်စိတ်ပါ ပေါက်မိသည်။
ဒါပေမဲ့ သမီးချစ်သည်း နဲ့က အစကတည်းက
စေ့စပ်ပေးထားတာဆိုတော့ သူ သဘော
ကျရင်တောင် သားနဲ့ ပေးစားခွင့် မရှိတော့ပါ။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now