[မျက်နှာကြည့်ကြိုက်တဲ့ ခွေးတွေအတွက်တော့ နွေဦးရာသီပဲ… ပရိုဂရမ်အဖွဲ့က ဘယ်နေရာကများ ဒီလိုအရည်အသွေးမြင့် အမျိုးကောင်းသားတွေကို သွားရှာထားတာလဲ]

[ဖေးရွှီကအချောဆုံးပဲ။ သူ့မှာ အရမ်းကို ချောတဲ့မျက်နှာရှိတယ်။ ဒါပေမဲ့ သူက တကယ် အေးစက်လွန်းတယ်။ လူတိုင်းက ပြုံးနေပေမဲ့ သူတစ်ယောက်ပဲ မျက်နှာပျက်နေတယ်]

[အလှဆုံးတစ်ယောက်ကတော့ ဟူရင်းပဲ]

[ ရူးနေလား။ယန်ကျစ်ကသာအချောဆုံး ငါရဲ့ လျိုကော]

ပရိုဂရမ်အဖွဲ့က အွန်လိုင်းပေါ်မှ မှတ်ချက်များကို အာရုံစိုက်နေခဲ့သဖြင့်အခြေအနေကိုမြင်ပြီး အားရနေလေသည်။

ချောမောလွန်းတဲ့အမျိုးကောင်းတွေကို အတူတွဲမြင်ရတာ ဘယ်လောက် စိတ်လှုပ်ရှားဖို့ကောင်းလိုက်သလဲ

ဒါပေမဲ့ အဲဒိအမျိုးကောင်းသားတွေ အချင်းချင်း ချစ်ကြိုက်သွားတာကို မြင်နေရတာက ပိုပြီး စိတ်လှုပ်ရှား ဖို့ ကောင်းတယ်

“ ဇာတ်ညွှန်းက အခြေအနေဘယ်လိုရှိလဲ”

ဒါရိုက်တာ ကောပင်းက ဇာတ်ညွှန်းရေးဆရာကို မေးသည်။

ဇာတ်ညွှန်းရေးဆရာ လျှိုုက ပြောသည်။

“ အဆင်သင့်ဖြစ်နေပြီ မနက်ဖန်ပေးမယ်”

ဇာတ်ညွှန်းရေးဆရာလျှိုက အလွန်တက်ကြွနေကာ မျက်မှန်ကို တွန်းတင်လိုက်သည်။

မည်သည့်ရသစုံ ရှိုးတွင်မဆို ဇာတ်ညွှန်းရှိသည်။ သို့သော်အချို့သော ရှိုးများက ဇာတ်ညွှန်းမ၇ှိချင်ယောင်ဆောင်ကြသည်။ ဧည့်သည်များကမူ သရုပ်ဆောင်များအလား ဇာတ်ညွှန်းပါအကြောင်းအရာအတိုင်း လုပ်ကြသည်။ကျော်ကြားသော ဧည့်သည်များပါသည့်ရသစုံရှိုးများဆိုလျင် ဇာတ်ညွှန်းက ပို၍ တိကျရသည်။သူတို့လို အနုပညာရှင်များမပါသည့် ရသစုံရှိုးများအတွက် အသေးစိတ် တိကျရန်မလိုချေ။ သာမန်လူများ သရုပ်ဆောင်ပြနိုင်သည့် အတိုင်းအတာ အတောအတွင်းတွင်သာ ရှိရသည်။

သို့သော် ဇာတ်ညွှန်းမရှိသည့် ရှိုးဟူ၍ မရှိချေ။

သူတို့၏ဇာတ်ညွှန်းဆိုလျင် အချိတ်အဆက်ရှိအောင် ပြင်ဆင်ထားရသည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now