အခန်း ၃၅

Start from the beginning
                                    

မင်းသာ ကြည်ဖြူမယ်ဆို တို့စည်းစိမ်တွေပါ ကုန်အောင်သုံးပစ်လိုက် ။

မင်းက တို့အနားမှာနေပြီး တို့ကိုပဲ ချစ်နေပေး ။ ဒါလေးကိုတော့ တောင်းဆိုတယ်ကွယ် ။ "

" ကျွန်မလည်း ပေးနိုင်တာ အချစ်ပဲ ရှိတယ် မမမြိုင် ။ ဒါတွေ ဒါတွေ ကျွန်မ မပေးနိုင်ဘူး ။ "

သိမ်ငယ်စိတ်များ တိုးဝင်ကာဖြင့် မျက်ရည်ကျလာတော့သည် ။ မိမိရဲ့ ချစ်သူလေးမှာ ထိုသို့သော အကြောင်းအရာကြောင့် မျက်ရည်ကျရသည်ကို မြိုင် မနှစ်သက် ။ သဘောမကျနိုင် ။

သိုးပေါက်လေးရဲ့ မျက်ရည်တွေအား သုတ်ပေးနေပါသည် ။

" မငိုပါနဲ့ ။ မငိုပါနဲ့ အချစ်ကလေးရယ် ။ မင်းရဲ့ အချစ်တွေကို ဒီလိုပုံစံနဲ့ သက်သေမပြနိုင်လည်း မမက်မောပါဘူးကွာ ။ အရေးကြီးတာက တို့ကိုပဲကြည့်ပြီး တို့တစ်ယောက်တည်းကိုပဲ ချစ်ပေးဖို့ ။ ဒါဟာ မင်းဘယ်လောက်အထိ ချစ်သလဲဆိုတာကို သက်သေပြနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပဲလေ အချစ်ကလေးရဲ့ ။ မငိုပါနဲ့ကွယ် ။ နော် ။ "

တအင့်အင့် တရှုံ့ရှုံ့ဖြင့် မျက်ရည်ကျနေမိသည့် မြိုင့်ရဲ့ သိုးပေါက်လေးဟာ ချစ်သူလေး၏ ရင်ခွင်ထဲကို ဝင်ပြီး ငိုငိုရယ်ရယ် ဖြစ်နေရှာတော့ပြီ ။

" အဟင့် ။ အခုလို ငိုနေရတော့လည်း ကောင်းလိုက်တာ ။ "

" အို ။ ငိုတာပဲ ကောင်းတယ် ရှိရောလား ။ "

" အင်း ။ ကောင်းတယ် ။ မမမြိုင်ရဲ့ ရင်ဘက်က သက်တန်းရှည် ကျွဲဂေါသီးလေ ။ တင်းတင်းရင်းရင်းနဲ့ အိနေတာပဲ ။ "

" အို ဒီမိန်းမကတော့ ။ ဖယ်စမ်း ဖယ် ။ "

" မဖယ်ချင်ပါဘူး ။ သူများ ဝမ်းနည်းနေတာကို အရမ်းပဲ ။ ဖယ်ဘူး ဖယ်ဘူး ။ "

" မဖယ်ချင်ရင် နှာဘူးထမနေနဲ့ ။ မဟုတ်ရင် ထားခဲ့လိုက်မှာနော် ။ "

မြိုင့်ရဲ့ ရင်ဘက်ထဲမှာ မျက်နှာအပ်ပြီး မျောက် အုန်းသီးရသလို ပြုံးနေသည်မှာ သိုးပေါက်လေးသာ ဖြစ်ပါသည် ။

X X X X X

နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် ဆံတော်ဂါ့ဒ်၌ ကိုမြင့်မောင်တစ်ယောက်ဟာ စစ်ဦးစီးမှူးနဲ့ သူ၏ရာထူးတိုးမြှင့်ရေးအတွက် စကားပြောချေတော့သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now