အခန်း ၃၅

Start from the beginning
                                    

သိပ်အနိုင်လိုချင်တဲ့ မိန်းမပါလား ။ သူမကို မချစ်ဘဲ မနေနိုင်မှန်း သိရက်နဲ့ အနိုင်ကျင့်နေချေပြီ ။

" မချစ်ဘဲ မနေနိုင်မှန်းသိလို့ တမင်အနိုင်ကျင့်တာ မဟုတ်လား မမမြိုင် ။

ဟုတ်တယ် ။ သတ္တိမရှိဘူး ။ မမမြိုင် မချစ်ဘဲ မနေနိုင်ဘူး ။ "

ဟု ပြောပြီး သစ်ပင်ပေါ်မှာ အလျှင်အမြန်ဆင်းလာခဲ့ပြီး မြိုင့်ဆီသို့ အပြေးသွားကာ မြိုင့်ရင်ခွင်ထဲသို့ တိုးဝင်လိုက်ချေပြီ ။

ပါးမို့ပေါ်က မှဲ့ကလေးဟာ မြိုင့်ရဲ့အပြုံးများအတွက် ခစားစေနိုင်မည့် အုပ်ချုပ်သူသဖွယ် ။

" ငါ့ရဲ့ နေရောင်ခြည်လေး ။ "

ညိုလေးရဲ့ ခေါင်းကို အသာပွတ်သပ်လိုက်ကာဖြင့် အနမ်းတစ်ပွင့် ခြွေချခဲ့ပေတော့သည် ။

" တို့ မင်းကို ပေးစရာ ရှိတယ် ။ "

" ဘာပေးမလို့လဲ မမမြိုင် ။ "

မြိုင်ဟာ မိမိလက်ထဲမှာ ကိုင်ထားသော အနီရောင်ကတ္တီပါ သေတ္တာလေးကို ညိုလေးအား လှမ်းပေးတော့သည် ။ တန်ဖိုးကြီး ပစ္စည်းတစ်ခုခု ပါမည်ဆိုသည်ကား ညိုလေး သိသည် ။

" မမမြိုင် ။ ဒါတွေ ပေးဖို့ မလိုဘူးလေ ။ "

" ကဲ ။ အရင်ဆုံး ဖွင့်ကြည့်ပါဦး ။ "

သေတ္တာကို ဖွင့်ကြည့်ပေတော့ ဝင်းလဲ့လဲ့တောက်ပနေသော ရွှေလက်ကောက် ၅ ကွင်းကို မြင်ရပေသည် ။

" အို မမမြိုင် ။ "

" မင်း ကြိုက်ရဲ့လား ။ "

" မယူပါရစေနဲ့ မမမြိုင် ။ "

" ယူထားလိုက်စမ်းပါကွယ် ။ တို့မှာ လက်ဝတ်ရတနာတွေ ပေါများနေတာပဲ ။ မင်းကို နောက်ထပ်တစ်စုံတောင် ထပ်ဆင်ပေးချင်သေးတာ ။ "

" နားကပ်ရော ။ လက်စွပ်ရော ။ အခု လက်ကောက်အထိပါ ရောက်နေပြီ ။ နောက်ဆိုရင် ဘယ်လိုများ လာဦးမလဲ ။ "

" ဒီထက်ကောင်းတာပေါ့ လာမှာပေါ့ အချစ်ကလေးရဲ့ ။ "

" မမမြိုင် ။ "

" ဒါဟာ တို့အချစ်ကို ဖော်ပြနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပဲ ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now