ပထမအစီအစဉ်ဟာ ပျက်သွားပေမယ့်  အခြားအစီအစဉ်တွေရှိသေးတာကြောင့် စိတ်ကိုလျော့လိုက်ပြီးနောက်မှာ သူဟာ အပြစ်ရှိစွာဖွင့်ဟလာတော့သည်၊
"ကျွန်တော် သတိလက်လွတ်ဖြစ်သွားမိတာပဲ၊ဒီမှာ သူစိမ်းတွေကို သတိပေးတဲ့မှော်စက်ဝိုင်းရှိတယ်ဆိုတာ ပြောဖို့မေ့သွားတယ်"
ဟျူးယာဟာ ကိစ္စမရှိကြောင်းပြောလိုက်သည်၊ထိခိုက်ဒဏ်ရာရရှိသးလည်းမရှိတာကြောင့် သူတို့တွေကဟာ စိတ်ထဲထည့်မနေတော့ပင်၊ရေးလ်ကလည်း သက်မချလိုက်ပြီး ဒန်နာရီနား သွားရပ်နေလိုက်ပြီး အရှေ့ကိုသာလှမ်းကြည့်နေလိုက်သည်၊ရေးလ်ရဲ့စိတ်တွေဟာ လေးပင်နေပြီး ရှေ့မှာ သူ့ကိုစောင့်မျှော်နေတဲ့အရာတစ်ခုရှိနေသလို ခံစားနေရတော့သည်၊
တိုရာလ်ရဲ့အကြည့်တွေဟာ ဒန်နာရီတို့ပေါ် အံ့အားသင့်စွာရောက်လာ​တော့သည်၊ှသူ ဘာမှမလုပ်ရသေးချိန်မှာတော့ ထိုကလေးနှစ်ယောက်ဟာ ဖိအားအောက်မှ ဘာမှမဖြစ်သလိုပင်၊ဟျူးယာကျော်ဖြတ်နိုင်သည်ကို တိုရာလ်နားလည်နိုင်ပေမယ့် ဆယ်နှစ်အရွယ်လောက်သာရှိတဲ့ ကလေးနှစ်ယောက်ကတော့ သူ့အတွက် သတိထားစရာဖြစ်နေတော့သည်၊ဒါပေမယ့် တိုရာလ်ဟာ စိတ်ထဲ၌သာထားလိုက်ပြီး ကျန်တဲ့သူတွေ အဆင်ပြေအောင် လုပ်ပေးလိုက်တော့သည်၊
"မင်း အဆင်ပြေတယ်မလား လူသား"ဟျူးယာဟာ ရစ်နိုလ်ကိုကြည့်ရင်းမေးလိုက်သည်၊ရစ်နိုလ်ဟာ အနည်းငယ်ချွေးစို့နေတာကလွဲ၍ ခုနကဖိအားအောက်မှ ကြီးကြီးမားမားမထိခိုက်ခဲ့ပေ၊ဒါပေမယ့် ညဘီလူးရဲ့မျက်နှာဟာ သူ့ကိုလှောင်နေသလိုခံစားရတာကြောင့် စိတ်ထဲမှာ မကျေမချမ်းဖြစ်သွားတော့သည်၊
"ခင်ဗျားလူတွေကိုသာ ခင်ဗျားဂရုစိုက်စမ်းပါ"
"ကျုပ်လူတွေက သန်မာပြီးသား" ဟျူးယာရဲ့စကားကြောင့် ရစ်နိုလ်မျက်မှောင်ကြုတ်သွားပြီး ဟျူးယာရဲ့ကော်လံကို ဆွဲယူလိုက်ပြီး ရစ်နိုလ်ဟာ ဟျူးယာကို စိုက်ကြည့်ပြီး မေးလိုက်သည်။
"ခင်ဗျားက ကျွန်တော်အားနည်းတယ်လို့ ပြောချင်တာလား"ဟျူးယာဟာ စူးရှရှမျက်ဝန်းပြာတွေကိုကြည့်ရင်း မျက်ခုံးတစ်ချက်ပင့်တက်သွားကာ ပြုံးသွားတော့သည်၊ဒါပေမယ့် ဟျူးယာဟာလည်း ရစ်နိုလ်ရဲ့လက်ကို ချုပ်ကိုင်လိုက်ပြီး ပခုံးကို ဖျစ်ညှစ်လိုက်ပြီး