ရှောင်ဖုန်းရွှယ်ဟွားဘေးတွင်ဝင်တိုင်လိုက်ပြီးတော့ လုပ်နေကျအတိုင်ရွှယ်ဟွားပုခုံးပေါ်လက်တင်လိုက်ပြီး
"ဒီနေ့ကြည့်ရတာနင်စိတ်အချေနေကောင်းတယ်ပုံပဲ"

ရွှယ်ဟွားသည်စိတ်အလိုမကျစွာမျက်လုံးကိုလှန်လိုက်တော့သည်။ သူမဘေးနားကရှောင်ဖုန်းကလဲသူမစိတ်တိုမှန်းသိလို့ မျက်နှာကိုပိုလို့ပင်ပြုံးဖီးကာမရပ်မနားရရွှယ်ဟွား အားတရပ်စက်စတော့သည်။

"ကြည့်ပါအုံးငါရဲ့ဟွားဟွားလေး ဆူထော်နေတာ ဘဲပေါက်လေးလိုပဲ နည်းနည်းလောက်ပြုံးစမ်းပါ"

ရွှယ်ဟွား။"......."

"အိုက်ယားနင်ကလဲ အမြဲဘဲရုပ်ဆိုးလေးလိုပဲလုပ်​နေတယ် တစ်ခါလောက်ကြောင်ပေါက်လေးလိုချစ်စရာကောင်းအောင်နေကြည့်စမ်းပါ မြှောင်...မြှောင်"

ရွှယ်ဟွား။💢".........."

ရှောင်ဖုန်းရွှယ်ဟွားအားပျော်ရွှင်စွားနောက်ပြောင်ကျီဆယ်နေပြီး သို့သော် ဘားအပေါ်ထပ်ရှိလက်ရန်းတွင်သူတို့အားစိုက်ကြည့်နေတဲ့သူကိုသတိမထားမိ

ထိုသူသည်ချန်ရင်ပင်ဖြစ်သည် ချန်ရင် ရွှယ်ဟွားဘားထဲဝင်လာထဲက ရွှယ်ဟွားအားသတိထားမိသွားပြီးအဆက်မပြတ်စောင့်ကြည့်နေခဲ့တာဖြစ်ပြီး သို့သော် သူ့ရဲ့မြင်ကွင်းထဲကို

စိတ်ရှုပ်စရာကောင်းလှတဲ့ထိုဘားပိုင်ရှင်မဝင်လာမချင်း သူစိတ်ကကြည်လင်နေသေးသည် ချန်ရင်ထိုလူရွှယ်ဟွားအားပွတ်သီးပွတ်သတ်လုပ်နေတာကို သဘောမတွေ့

အဲ့ဒါထက်ရွှယ်ဟွားကထိုအရာကိုပုံမှန်လိုပြုမူပြီးမညင်းတာကိုပိုပြီး ပိုပြီးသဘောမကျဖြစ်မိသည်။

ထို့နောက်ချန်ရင် လှေကားဆီသို့ဦုးတည်လိုက်၍ သူ့ရဲ့အပေါင်းသင်းများကိုစိတ်မဝင်စားတော့ပဲအောက်ထပ်သို့ဆင်းသွားလိုက်လေတော့သည်။

ရွှယ်ဟွား ရုပ်တရပ်သူတို့ဝိုင်းနားကိုလူတစ်ယောက်ရောက်လာတော့မော့ကြည့်လိုက်ပြီး ထိုလူကချန်ရင်ဆိုတာကိုတွေ့တော့အံအားသင့်သွားတော့သည်။

ထို့နောက် တစ်ဖက်မှပညာတတ်ယောက်ျားပီပီယဉ်ကျေးစွာ
"အရာရှိရွှယ် ကျွန်တော်တို့ခနလောက်စကားပြောလို့ရမလား"

အရာအားလုံးစတင်ခဲ့သောကျွန်မ-S2Where stories live. Discover now