နှစ်ပေါင်းဘယ်လောက်ကြာကြာမေ့မှာမဟုတ်တဲ့ဒီမျက်လုံး ဒီနှုတ်ခမ်း ဒီအပြုံး ဒီအသံ ပြီးတော့ အဲ့အရာတွေရဲ့ပိုင်ရှင်။
ဘယ်အချိန်မှာပဲပြန်တွေ့ရပါစေ မင်းရဲ့ပိုင်ရှင် မင်းရဲ့သက်ဆိုင်သူဟာ ကိုယ်ပဲဖြစ်ရပါစေဆိုတဲ့ဆုတောင်းပြည့်ခဲ့ပုံရတယ် မင်းနဲ့ပြန်ဆုံစည်းရဖို့ကံကြမ္မာကကိုယ့်ကိုအမြဲတမ်းမျက်နှာသာပေးနေတုန်း
ကလပ်အပေါ်ဆုံးထပ်ကနေ Dancing Floor မှာ မူးပြီးကနေတဲ့ကောင်လေးဆီကိုစိုက်ကြည့်နေတဲ့သူ နာမည်က ကင်မ်ဆော့ဂျင်
Korea ရဲ့ Top 3 ဝင်တဲ့ Billionaire အသက်ငယ်ငယ်နဲ့အရမ်းအောင်မြင်နေတယ်လို့ထင်ကြပေမဲ့ သူ့အသက်ကထောင်ချီနေပြီဖြစ်တဲ့ Immortal တစ်ယောက်
ကြည့်နေရင်းနဲ့ ကနေတဲ့ကောင်လေးမူးပြီးမှောက်သွားတာမြင်လိုက်ရသလို ဘေးနားကကျားချောင်း"နေတဲ့ကလေကဝကောင်တစ်ကောင်ကလဲကောင်လေးကိုထိန်းပြီးခေါ်သွားဖို့လုပ်နေတာကြောင့်အောက်ကိုဆင်းပြေးလာရတော့တယ်
Jin-မင်းအဲ့ကောင်လေးကိုလွှတ်မလား ဒီနေရာမှာတင်ပြာကျသွားချင်လား
သိပ်တောင်မပြောရသေး ထွက်ပြေးသွားတဲ့ငကြောက်ကောင်ရယ် သူ့အကြောင်းကိုမသိတဲ့သူရှားတာမို့ရှောင်မှသာတော်ကာကြမယ်လေ ဒီကလပ်ကလဲသူ့အပိုင်ပဲဟာ
သူလား သူကတော့ဒီကောင်လေးကိုချီပြီးအိမ်ခေါ်သွားတော့မည်သာ
အိပ်ပျော်နေတဲ့ကောင်လေးကိုကြည့်ပြီးအတိတ်အကြောင်းတွေပြန်တွေးကြည့်မိတယ် ကောင်လေးကလှဆဲချောဆဲ ဒီပုံစံအတိုင်း မပြောင်းမလဲသူ့အပိုင်လေး သူတို့ကဂိုလျောခေတ်ထဲကစတွေ့ခဲ့ကြတာ အဲ့တုန်းကသူကချမ်းသာတဲ့သူမဟုတ်ဘူး သာမန်တံငါသည်လေးတစ်ယောက် Immortal အမျိုးဖြစ်တဲ့သူ့ရဲ့ပျင်းစရာဘဝထဲကို ပျော်ရွှင်စရာတွေသယ်လာပေးခဲ့တဲ့သခင်လေး ကင်မ်ထယ်ယောင်း သခင်လေးကသူ့ဆီမှာငါးလာဝယ်ရင်းခင်ခဲ့ကြတာ ဂုဏ်ဒြပ်တွေကိုစိတ်မဝင်စားတဲ့သခင်လေးကတပတ်တခါသူ့အိမ်တော်ထိန်းနဲ့ခိုးလိုက်လာပြီးဈေးပတ်နေကြ တွေ့"ချင်းထဲကစိတ်ဝင်စားခဲ့တဲ့သခင်လေးနဲ့သူ မဖြစ်နိုင်မှန်း အခြေအနေအဆင့်အတန်းတွေကွာခြားမှန်းသိရဲ့နဲ့သူတို့နှစ်ယောက်ချစ်ခဲ့ကြတယ် သခင်လေးဟာနေ့တိုင်းလိုလိုအိမ်တော်ကနေခိုးထွက်ပြီးသူနဲ့ငါးလိုက်ဖမ်း ဈေးလိုက်ရောင်းတာတွေလဲလုပ်ခဲ့သေးတာ ဒါပေမဲ့သိပ်မကြာဘူး ဒီအကြောင်းတွေကိုသခင်လေးအဖေသိသွားခဲ့တယ် အိမ်ထဲမှာအခန်းပိတ်ထားခဲ့ပေမဲ့သခင်လေးဟာရအောင်ခိုးထွက်လာခဲ့တယ် အဲ့ညကသူတို့တွေ့ရတဲ့နောက်ဆုံးညပဲ သခင်လေးနဲ့သူကမြစ်ဘေးနားမှာသစ္စာဆိုခဲ့ကြတယ် ဘယ်အချိန်"ပဲဖြစ်ဖြစ်သခင်လေးရဲ့ပိုင်ရှင်ဟာသူ သူရဲ့ပိုင်ရှင်ဟာလဲသခင်လေးပဲဖြစ်ရမယ်ဆိုပြီးတော့ပေါ့ Immortal ဖြစ်ကြောင်းပြောပြခဲ့တာမို့လို့ သခင်လေးဟာသူ့ကိုသေချာပေါက်လာရှာပါလို့ပြောခဲ့ပြီး သခင်လေးအဖေစီစဉ်တဲ့မဂ်လာပွဲနေ့မှာပဲ အဆုံးစီရင်ခဲ့တယ်
သူဟာသခင်လေးကိုရှာဖွေဖို့အလုပ်ကြိုးစားပြီးနိုင်ငံအနှံ့ခရီးတွေထွက်ခဲ့တာအခုချိန်ထိပဲ တွေးနေတာဘယ်လောက်ကြာသွားလဲမသိ နာရီကိုကြည့်လိုက်တော့ မနက်9နာရီ အိပ်လို့လဲရတော့မှာမဟုတ်တာကြောင့် မနက်စာပြင်
ဖို့မီးဖိုခန်းထဲဝင်လာခဲ့တော့တယ် ခနကြာပြီးတော့နိုးလာတဲ့ သခင်လေး ကင်မ်ထယ်ယောင်းရယ် မမြင်ဖူးတဲ့အိပ်ခန်းအပြင်ဆင်ကိုကြည့်ပြီးဘာမှစဉ်းစားမရ ညကစိတ်ညစ်"နဲ့ကလပ်သွားအရက်သောက်နေခဲ့တာ မူးပြီးမှောက်သွားတာကလွဲဘာမှမမှတ်မိတော့ အောက်ထပ်ကိုဆင်းလာတော့ မီးဖိုခန်းထဲကကျောပြင်ကျယ်နဲ့လူတယောက် မနက်စာပြင်ဆင်နေပုံရတယ် အဲ့အချိန်ခေါင်းထဲအပြိုင်အဆိုင်ဝင်လာတဲ့ပုံရိပ်တွေ ငယ်ငယ်ထဲကမြင်နေရတာမို့သိပ်မထူးဆန်းပေမဲ့ အခုကျမှတမျိုးထူးဆန်းနေသည် ပျောက်ဆုံးတဲ့အရာတခုကိုရှာတွေ့သလို ရင်ထဲကဟာတာတာခံစားချက်ကြီးမရှိတော့သလိုပဲ အသံကြားတာကြောင့်လှည့်ကြည့်မိတဲ့တော့ ဆုံစည်းမိတဲ့မျက်လုံးနှစ်စုံကြားအတိတ်ပုံရိပ်တွေဟာမရပ်မနားပေါ်လာခဲ့တယ်
Tae_ကျွန်တော့်တစ်ဘဝလုံးစောင့်ဆိုင်းနေခဲ့တဲ့သူကခင်ဗျားပေါ့
Jin_ကိုယ်တသက်လုံးလိုက်ရှာနေတဲ့သူကလဲမင်းပဲ သခင်လေး
OneShotလေးပါ အတွေးရရချင်းရေးလိုက်တာမို့မသေမသပ်မလှမပဖြစ်တာတွေရှိမယ်ထင်ပါတယ် ပြန်လာမယ်ပြောပြီးအကြာကြီးပျောက်နေလို့လဲအားနာပါတယ် ရေးလိုက်ဖျက်လိုက်နဲ့နှစ်ပါကူးသွားခဲ့တာ သဘောကျမယ်ထင်ပါတယ် Feedback လေးတွေမျှော်နေပါ့မယ်
#ရောင်စဉ်သွေး
