ရှောင်လီက ရေပန်းရဲ့ နတ်သားသေးသေးလေးကို စက္ကန့် ၃၀ လောက် စိုက်ကြည့်နေခဲ့တယ်။ ထို့နောက် သူက ဓါတ်မီးရောင်ကိုလွှဲလိုက်ပြီး ဘန်ဂလိုဟောင်းရဲ့တံခါးကိုဖွင့်ဖို့ ရှေ့ဆက်သွားလေတယ်။

"အဲ့ဒါက... ဒါပဲလား?!" လင်းချီလီက ရုပ်ထုကိုညွှန်ပြပြီး မေးတယ်။

"မဟုတ်ရင်ဘာလဲ? ရေပန်းက ဘာလို့ ရုတ်တရက် ရေတွေပွင့်ထွက်လာတာလဲလို့ မေးချင်လို့လား? ကြိုဆိုတဲ့အခမ်းအနား ဖြစ်မှာပေါ့" ရှောင်လီက အိမ်ဟောင်းထဲကို ဝင်နေရင်း ပြောတယ်။

ကျန်တဲ့လူတွေက နောက်ကလိုက်လာပြီး အဲ့လစ်တစ်ယောက်ထဲ နောက်ဆုံးမှာ။ သူမက တွေဝေနေပြီးနောက် သူမ ကင်မရာကိုထုတ်ကာ ရေပန်းကို ဓါတ်ပုံရိုက်လိုက်တယ်။ ထိုနောက် သူမက နောက်ဆုံးကနေ ခြေလှမ်းသွက်သွက်လျှောက်ပြီး လိုက်လာတယ်။ ဒီဘန်ဂလိုအဟောင်းအတွင်းပိုင်းက အပြင်ဘက်မှာလို ပျက်စီးယိုယွင်းမနေပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အရမ်းကို သန့်ရှင်းနေတယ်။

ဒါက သာမန် သရဲခြောက်တဲ့နေရာ မဟုတ်ဘူး။ ဖုံတွေ သွေးတွ ရှိမနေဘူး။ လူတွေနေထိုင်နေသလိုကို သန့်ရှင်းနေတယ်။ အိမ်က အရမ်းကြီးပြီး အလွတ်ကြီး။ ခေါင်မိုးက စက်ဝိုင်းခြမ်းပုံ အခုံးဖြစ်တယ်။ ခေါင်မိုးမှာ ဘာမီးဆိုင်းမှ မရှိနေဘူး။ ရှောင်လီက ပိုးသတ်ဆေးအနံ့တောင်မှ ဖျော့ဖျော့လေး ရနေတယ်။

ကျန်းရီက ရှောင်လီ့နောက်လိုက်ပြီး တီးတိုးရေရွတ်တယ်။ "ချန်ကျိရွှမ်အလုပ်လုပ်တဲ့နေရာတစ်ခုအဖြစ်နဲ့ ဒါကို ဘယ်လိုလုပ်ပြီး မမြင်ရတာလဲ? သူမက တကယ်ပဲ ကလေးထိန်းလား? ဒါမှမဟုတ် ငါတို့ကို အရူးလုပ်တာလား?"

ရှောင်လီက သူ့ခေါင်းကို ခါလိုက်တယ်။ သူက ရှေ့ကိုဓါတ်မီးထိုးပြီး အတွင်းထဲဝင်သွားတယ်။

"ခဏလေး-အား!" လင်းချီလီက အော်ခေါ်လိုက်ပေမယ့် အပြောင်းအလဲဖြစ်ပေါ်လာချိန်မှာတော့ သူမမှာ ရှေ့ဆုံးစကားလုံးပဲပြောဖို့ အချိန်ရှိလိုက်လေတယ်။

ကူးပြောင်းဝင်ရောက်သူတွေက ဘန်ဂလိုဟောင်းရဲ့ အလယ်ကိုရောက်လာချိန်မှာပဲ စက်ခလုတ်ကိုထိလိုက်မိသလိုမျိုး ကြမ်းပြင်တစ်ခုလုံးက ပြိုကျသွားခဲ့တယ်။ သူတို့အဖွဲ့က ကြမ်းပြင်ကိုဖြတ်ကျော်ကာ ကျသွားပြီး အမှောင်ထုက အရာအရာတိုင်းကိုလွှမ်းမိုးသွားတယ်။

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now