CHAPTER - 11 [Unicode]

Start from the beginning
                                    

"Mommy ဘယ်မှာလဲဟင်"

"သူက အလုပ်တွေအများကြီးရှိလို့လေmoonလေးရဲ့။
အလုပ်တွေပြီးသွားရင် ပြန်လာမှာတဲ့။"

တစ်ခါမှမမြင်ဖူးခဲ့သည့် မွေးမိခင်ဖြစ်သူအား
မေးမိတိုင်းရလာတတ်သည့်အဖြေကတစ်ခုတည်းသာ။

ဘယ်တော့မှပြောင်းလဲမသွားခဲ့သလို daddyဟာဒီအဖြေကလွဲပြီးတခြားဟာလည်းဖြေမလာခဲ့။

"Daddy သားကိုချစ်လားဟင်"

"ချစ်တာပေါ့"

"Mommy ကိုရောချစ်လား"

ချက်ချင်းပြန်မဖြေလာသည့် daddyက
တုံ့ဆိုင်းသွားတာတော့အမှန်။

"Moonလေးလောက်မချစ်ပါဘူး‌ဗျာ"

ထိုစကားကြားတိုင်းကလေးပီပီ ပျော်ခဲ့မိတာ

ဒါပေမယ့် နောက်မှသိခဲ့ရတာ daddyက
သူ့ကိုညာခဲ့တာပဲ။

ညဘက်တိုင်းဝရံတာမှာထိုင်ပြီးငေးမောနေတတ်ခဲ့တဲ့ daddy...

သူ့ရှေ့မှာ အမြဲပြုံးနေတတ်ပေမယ့် ကွယ်ရာမှာအမြဲဝမ်းနည်းနေခဲ့တဲ့ daddy...

ဘာအဆင်တန်ဆာမှမရှိဘဲ ရိုးရိုးလက်စွပ်လေးတစ်ကွင်းလောက်ကို တယုတယသိမ်းထားတတ်ခဲ့သည့် daddy...

မွေးမိခင်ဆိုသည့်သူအား သူ့ဘဝတွင်
တစ်ကြိမ်တစ်ခါမှမမြင်ဖူးခဲ့သည့်တိုင်

အေးဆေးနူးညံ့လှသည့်daddyအား
ထိုသို့ဖြစ်စေခဲ့သည့်‌ မွေးမိခင်အား
သူမြင်ဖူးချင်ခဲ့တာကတော့အမှန်။

ဒါပေမယ့် တစ်နေ့မှာ daddyငိုနေခဲ့တယ်။

သူ့ရှေ့မှာ အမြဲပြုံးတတ်တဲ့ daddyက ရှိုက်ကြီးတငင်ကို ငိုနေခဲ့တာ။

ဘယ်တော့မှ နေမကောင်းမဖြစ်၊အားမနည်းခဲ့တဲ့daddyက သူ့ရှေ့မှာ အားအင်နည်းပါးနေခဲ့တာလေ။

"Daddyမငိုပါနဲ့"

မသိတတ်နားမလည်စွာ သူ့ရဲ့လက်‌
ပိစိလေးတွေနဲ့သုတ်ပေးမိတော့ daddyဟာ သူ့ကိုပွေ့ဖက်လာလိုက်တာများ။

"Moonလေး"

"ဗျာ"

"Daddy နဲ့ရှိရတာပျော်လား"

"ဟုတ် ပျော်တယ်"

Daddy ပြုံးပြ၏။
မျက်ရည်များ၊မျက်တွင်းဟောက်ပတ်များနှင့် daddyက လှလှပပကိုပြုံးပြလာခဲ့တာ။

LORD OF ALL {Ongoing}Where stories live. Discover now