"မင်းတို့ အနားယူအုံးမှာလား" ထောက်ခံစာရရှိပြီးနောက်မှာ ဟျူးယာဟာ သူတို့နဲ့ပူပေါင်းထားတဲ့လူသားအဖွဲ့ကိုမေးလိုက်သည်၊ရစ်နိုလ်ဟာ ရှေ့တက်လာပြီး
"မလိုဘူး ငါတို့အချိန်မဖြုန်းသင့်ဘူး" လို့ပြောလိုက်သည်၊ဟျူးယာရဲ့လုပ်နိုင်စွမ်းပေါ် ရစ်နိုလ်ဟာ အကောင်းမြင်လာတော့သည်၊ထိုလူကို ကြည့်မရပေမယ့် ထိုလူဟာ ကိစ္စအားလုံးကို အေးဆေးလုပ်နိုင်စွမ်းရှိတာကို ရစ်နိုလ်ဟာ လက်ခံမိသည်၊
"သွားကြမယ်" ဟျူးယာဟာ သူအဖွဲ့သားတွေကို အမိန့်ပေးနေချိန်မှာ တော်ဝင်နန်းတော်ထဲကနေ လူတစ်ယောက်ပြေးထွက်လာတော့သည်၊
"မြို့စားမင်းအာမက်​သောလ်!" နူးညံ့ပြီးတည်ငြိမ်လှတဲ့လူငယ်အသံကြောင့် အားလုံးဟာရပ်တန့်သွားတော့သည်၊ထိုလူငယ်ရဲ့အဝါရောင်ဆံပင်များဟာ ဂုတ်ထောက်နေပြီး ပြေးလာတာကြောင့် မေးစေ့နဲ့လည်တိုင်တစ်လျှောက် ချွေးများသီနေကာ ပန်းရောင်သန်းနေတဲ့နူတ်ခမ်းဖူးတစ်စုံဟာ မောပန်းမှုကြောင့် ခပ်ဟဟဖြစ်နေတော့သည်၊ ထိုလူငယ်ရဲ့မျက်လုံးများဟာ အနည်းငယ်ဝိုင်းစက်ကာ မျက်ဝန်းပြာများဟာရီဝေဝေဖြစ်နေပြီး တစ်ဖက်ကယောကျာ်းသားတွေကို မြူဆွယ်နေသယောင်ပင်၊ ထိုလူငယ်ဟာ အီရှုရယ်အင်ပါယာမင်းရဲ့တတိယသားဖြစ်တဲ့ တိုရာလ် အီရှုမက်စ်နို ဖြစ်သည်၊
"မင်းသား ဘာအကြောင်းကိစ္စများရှိလို့လဲ" ဟျူးယာဟာ တစ်ချက်သာစိုက်ကြည့်ပြီးနောက်မှာ ပျင်းရိနေသောအသံဖြစ်မေးလိုက်သည်၊တိုရာလ်ဟာ တောက်ပနေသောမျက်ဝန်းများဖြင့် ဟျူးယာကိုမော့ကြည့်ရင်း နူးညံ့စွာပြုံးလာတော့သည်၊
"သောတပိုင်တောအုပ်က တော်ဝင်မျိုးနွယ်တစ်ယောက်ဆီက လမ်းပြပေးမှရမှာလေ... ခမည်းတော်ကလည်း ဒီခရီးစဉ်မှာ ဆရာတို့နဲ့သွားဖို့ သဘောတူလိုက်တယ်"
တိုရာလ်စကားကြောင့် ဟျူယာဟာ လက်ခံစွာခေါင်းညိတ်လိုက်ပြီး ကျန်တဲ့သူတွေကို သွားရန်အမိန့်ပေးလိုက်သည်၊တိုရာလ်ကတော့ ဟျူးယာအနားကပ်နေကာ စကားဝင်ရောနေတော့သည်၊ဒန်နာရီတို့ကတော့ သူတို့ကိစ္စမဟုတ်တာကြောင့် အနောက်ကနေ အေးဆေးသာလိုက်သွားတော့သည်၊