" ကျုပ်တို့ တစ်စပ်တည်းခရီးဆက်ကြမယ် မင်းတို့ပင်ပန်းရင်တော့ ပြောပေါ့ လူသားတွေ" ဟျူယာဟာ ရစ်နိုလ်ကိုလှည့်ကြည့်ရင်းပြောလိုက်သည်၊ရစ်နိုလ်ကလည်း ဟျူယာကို မော့ကြည့်ကာ စူးရှစွာစိုက်ကြည့်လိုက်ပြီးနောက်မှာ ခေါင်းကို ခပ်ဆတ်ဆတ်ညိတ်ပြလိုက်တော့သည်၊
ဟျူယာနူတ်ခမ်းများဟာ ပြုံးတက်သွားပေမယ့် သူဟာ ခရီးဆက်ရန် အဖွဲ့သားတွေကို အဖွဲ့ပေးလိုက်သည်၊ခရီးဟာ ဝေးလှံလှပေမယ့် ဒန်နာရီအတွက် လှည်းတစ်စင်းသာ ဝယ်လိုက်ပြီး ကျန်သည့်သူများဟာ မြင်းနဲ့သာ ခရီးနှင်ကြသည်၊ညဘီလူးအဖွဲ့ကတော့ ကြီးမားတဲ့သားရဲကြီးတွေ စီးနှင်ကာ ရှေ့ကနေချီတက်ကာသွားနှင့်တော့သည်၊
"သခင်လေး ပင်ပန်းရင် ကျွန်တော့်ကို ပြောနော်" ရစ်နိုလ်ဟာ ဒန်နာရီကို လှည်းအပြင်ကနေ ပြောလိုက်သည်၊ဒန်နာရီဟာ ခေါင်းကာညိတ်လိုက်ပြီး စာအုပ်သာပြန်ဖတ်နေလိုက်သည်၊
အီရှုရယ်နယ်မြေနဲ့နိုရှုရယ်နယ်မြေကြားမှာ သောတပိုင်တောအုပ်ကြီးရှိပြီး ထိုတောအုပ်ကို အင်ပါယာနှစ်အင်ပါယာဟာ မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာခြင်းဖြစ်သည်။သောတပိုင်တောအုပ်ဟာ ဘိုးဘေးမယ်မြေတောအုပ်ကြီးဖြစ်ပြီး နှစ်အင်ပါယာက တန်ဖိုးထားလှသည်၊ဘာကြောင့်လဲဆိုတော့ ထိုတောအုပ်ထဲမှာ နတ်သူငယ်ကျောက်တိုင်ရှိပြီး ငါးနှစ်နေတစ်ခါ နှစ်အင်ပါယာပြိုင်ပွဲကျင်းပကာ အနိုင်ရရှိသူတွေဟာ တောအုပ်ထဲဝင်ခွင့်ရပြီး နတ်သူငယ်ကျောက်တိုင်နယ်မြေအတွင်းမှာ ခစားခွင့်ရရှိသည်၊
စာအုပ်ထဲမှာ အကြမ်းဖျင်းလောက်ပဲ ရေးထားပြီး ဒန်နာရီသိချင်တဲ့အချက်အလက်တွေတော့ မဝင်ပေ၊
ဒန်နာရီတို့ အီရှုရယ်တော်ဝင်မြို့တော်ကို အနှောင့်အသွားမရှိဘဲရောက်ရှိသွားပြီးနောက်မှာတော့ သူတို့ဟာတော်ဝင်နန်းတော်ထဲကို ဝင်ခွင့်တောင်းတော့သည်၊
ပထမက သူတိုစောင့်ရကြာလိမ့်မယ်ထင်သော်လည်း နာရီဝက်အကြာမှာတော့ တော်ဝင်နန်းတော်က အင်ပါယာမင်းဆီကနေ ခွင့်ပြုချက်ရရှိတော့သည်၊ဟျူးယာတို့အဖွဲ့နဲ့ပူးပေါင်းရတာ တကယ်ကိုပင် အဆင်ပြေလှပြီး ဟျူးယာရဲ့လက်ထဲမှာ မြင့်မားတဲ့အာဏာတစ်ခုရှိမှန်း ဒန်နာရီတို့ရိပ်မိလာတော့သည်၊
ВЫ ЧИТАЕТЕ
ФэнтезиStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...
Chapter -57
Начните с самого начала