"မင်းနာမည်မပြောရင်ငါမင်းကိုဒီအခန်းထဲက
ထွက်ခွင့်ပေးမှာမဟုတ်ဘူး""နာမည်သိရင်ရှက်လက်လွှတ်မှာလား"
"အင်..."
"ပျိုမြစ်နုငယ်"
ညိုး နှုပ်ခမ်းထူထူတွေလှုပ်ခနဲပြုံးသွားရကာ
အမည်နဲ့လူနဲ့လိုက်ဖက်လွန်းသောသူမကိုစိုက်ကြည့်၍
သူ့ရင်ထဲသဘောကျသလိုခံစားရသည်။
မြင်ဖူးနေကြမိန်းမတွေလိုမဟုတ်ပဲ...
ဝင်းဝါတဲ့သနပ်ခါးလေးနဲ့နီထွေးထွေးနှုပ်ခမ်းတွေက
သူ့အတွက်ဆွဲဆောင်မှု့ရှိလွန်းလှသည်။
သို့ပေမဲ့သူမကတော့သူကိုလိုသည့်ဟန်မပေါ်ပေ..."ပြောပြီးပြီမို့လား ရှင်လက်လွှတ်တော့လေ!"
"နေပါအုံး..."
"အို..."
သူ့လက်တွေကအဆင့်တက်လာကာနုငယ်
လက်မောင်းကိုရောက်လာသည်မို့
ရင်ထဲထိပ်ခနဲဖြစ်သွားရ၍..."ဆေးရုံအုပ်သားဆိုတိုင်းရှင်မရမ်းကားနဲ့နော်!"
"ဟာ..."
ညိုး အပြုံးတွေတည်သွားရပြီး
စိမ်းညို့တဲ့မျက်ခုံးတွေကအနည်းငယ်ကျုံ့သွား၍..."မင်းကငါ့ကိုဘာလို့ဘလိုင်းကြီးမုန်းနေတာလဲ
ငါကမင်းနဲ့ခင်ချင်လို့ပါ""ဟင်...ကျွန်မမခင်ချင်ဘူး
ဖယ်...""ကျစ်...ဟိတ်!"
"အ့..."
သူလက်ချောင်းတွေကနုငယ်လက်မောင်းတွေထဲ
နစ်ဝင်တင်းကျပ်သွားသည်။"ငါ့ကိုအမိန့်လာမပေးနဲ့
ညိုးဖွဲ့မာန်ဟုန်ရဲ့ဘဝမှာအမုန်းဆုံးကအမိန့်
ပေးတာကိုပဲ..."နုငယ်မျက်လွှာချကာနှုပ်ခမ်းလေးဖိကိုက်ထားမိသည်။
ဒီလိုအကိုရှိနေလို့...ညီမဆိုတဲ့မိန်းမက
သူများလင်ကြောင်တောင်နှိုက်တာမထူးဆန်းတော့ပြီ..."ဆေးသွားယူ...ငါ့ကိုဆေးထည့်ပေး"
"ရှင်လက်လွှတ်မှ ကျွန်မလုပ်ပေးလို့ရမှာပေါ့"
"သွား..."
"ကျွတ်..."
သူ့အသားမဟုတ်တိုင်းဖိညှစ်ခံထားရတဲ့
နုငယ်လက်တွေကနီပင်နီသွားရလေသည်။
နှုပ်ခမ်းသားလေးကိုပြတ်ထွက်မတတ်ဖိကိုက်ရင်း
ဆေးဗန်းလေးသွားယူလာတော့လက်တဖက်ကို
နောက်သို့ထောက်၍သူ့ရင်ဘက်ကိုကော့ပေး
ထားလေသည်။
![](https://img.wattpad.com/cover/331583519-288-k330639.jpg)
YOU ARE READING
ချစ်တယ်ကြမ်းမယ်
Romanceကျွန်မကတစ်ခုလပ်ပါဦး... ဒါပေမဲ့ ကျွန်မကအသက်နှစ်ဆယ်သာသာ ရှိသေးတဲ့ ကြောက်တတ်တဲ့ကောင်မလေးတယောက်ပါ တစ်ခုခုဆိုငိုဖို့ပဲသိတဲ့မနူးမနပ်မိန်းခလေးတစ်ဦးပါ "ပျိုမြစ်နုငယ်"
{ part - 2 }
Start from the beginning