ခင်သိန်းရဲ့ ပထမဆုံး အလုပ်၀င်တဲ့ရက်လေးကတော့ အဆင်ပြေပြေ ပြီးသွားပေမဲ့ နောက်နေ့တွေအတွက်တော့ မသေချာပါ...။
================================
Zaw
(အပိုင်း - ၁၆)
ခင်သိန်း ဒီနေ့ အလုပ်သစ် စ၀င်ရတော့မယ်။
အလုပ်သစ်ဆိုတော့ ရင်လည်းခုန်နေတယ်။
မနက်ကတည်းက အ၀တ်လျှော် ရေချိုးထားလိုက်တယ်။ အမေစားဖို့အတွက်လည်း အဆင့်သင့်။ အ၀တ်သန့်သန့်ဖြူဖြူလေးနဲ့ ပုဆိုးလေးကို သေချာဝတ်ထားလိုက်တယ်။ အမေမြင်ရင်ပျော်လိုက်မှာ အမေမြင်စေချင်တဲ့ ယောက်ျားလေးလိုမျိုး ၀တ်ထားတယ်။အမေကတော့ ဘာမှ မပြောရှာပါဘူး။
"အများနဲ့ လုပ်ရမှာမို့ တက်နိုင်သလောက် သည်းခံပေါ့ အေ "တဲ့ ။
၁၁ထိုးခါနီးလောက်မှ စန်းညွှန့်တို့ အိမ်ရှေ့ကို ခင်သိန်းသွားထိုင်စောင့်နေလိုက်သည်။ ခဏကြာတော့ စန်းညွှန့်ထွက်လာတယ်။ မျက်မှန်အမည်းနဲ့ ဂျင်းဘောင်းဘီနဲ့။ ဆိုင်ကယ်က စူပါကပ် အင်းပေါ့လေ သူလဲ ခေသူမှ မဟုတ်တာ သူဌေးစာရင်းထဲ ပါတဲ့သူပဲ။
ဆိုင်ကယ်နောက်ကို ဘေးတစ်စောင်းထိုင်ပြီး ဘီယာဆိုင်ရှိရာသို့ လိုက်လာခဲ့တယ်။
ခင်သိန်း စက်ဘီးနောက်လိုက်လို့ အသည်းကွဲပြီး ထမင်းငတ်ပြီးပြီ အခုဆိုင်ကယ်နောက်လိုက်နေရပြီ ဘာတွေဆက်ဖြစ်အုံးမှာလဲ။
----------------------------
ဘီယာဆိုင်ကြီးက ခမ်းခမ်းနားနားတည်ဆောက်ထားတယ်။ ဘီယာဆိုင်ရဲ့ အနောက်ဘက်မှာလည်း တိုက်အကြီးကြီး တစ်လုံးရှိတယ်။ ဆိုင်ကလူတွေက ငယ်ငယ်ချောချောလေးတွေ။ ၀န်ထမ်းလေးတွေက အနက်ရောင်တီရှပ်ဝတ်စုံလေးတွေ တူတူညီညီ ၀တ်ဆင်ထားတယ်။ မိန်းကလေးတွေဆိုရင် စကပ်ဒူးဖုံးအနက်ရောင်လေးတွေ ၊ ယောက်ျားလေးဆိုရင် ဘောင်းဘီရှည် အနက်ရောင်လေးတွေနဲ။
ခင်သိန်း ဆိုင်က လူတွေကို တအံတသြ လိုက်ကြည့်မိတယ်။ ဆိုင်က လူတွေကတော့ ခင်သိန်းလို အသစ်မျိုး ရိုးနေပါပြီ ဆိုတဲ့အကြည့်မျိုးတွေနဲ့။ နောက်ပြီး ပိုက်ဆံသွားချေးတုန်းက စန်းညွှန့်အိမ်မှာ တွေ့ခဲ့တဲ့လူ။ သူက ဘာလို့ ဒီမှါ ရှိနေတာလဲ။ အော် သူက ပိုင်ရှင်ပဲလေ...။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။
Part -16 (Uni + Zaw)
Start from the beginning
