ဘီယာဆိုင် စားသောက်ဆိုင်ဆိုတော့ မနက်ပိုင်း တော့ လူမရှိ။ ခင်သိန်းလုပ်ရတာက ပန်းကန်တွေ ဆေးရတယ်။ စားပွဲတွေ ခင်းရတယ်။ ဖုန်သုတ်ရတယ်။ ဟင်းရွက်တွေ သင်ရတယ်။ လူလာရင်
"ဘာစားမှာလဲဗျ ဘာသောက်မှာလဲဗျ"ဆိုပြီး မေးရမယ်တဲ့။ သူတို့သောက်ချင်တာ စားချင်တာမှာတာကို မှတ်ထား။ ကောင်တာမှာ ထိုင်နေတဲ့ မချစ်စနိုးကို ပြော။ နောက်ပြီး စားစရာတွေရရင် ချပေးရုံပဲ ။ စားပြီးသောက်ပြီးရင် ပိုက်ဆံရှင်းမယ်ဆိုရင် ဘယ်လောက်ကျတယ်ဆိုတာပြော ပိုက်ဆံကိုစစ်ပြီးယူ နောက်ပြီးကောင်တာကိုအပ်၊ ပြီးရင် ပန်းကန်ဆေး ဒါပါပဲ။ ပန်းရံတစ်ရက်စာလောက်တောင် မပင်ပန်းပါဘူး။ ဒီလေါက်သက်သာတဲ့အလုပ်ကို ဘာလို့ ၂သိန်းနီးပါးပေးလည်းဆိုတာတော့ ခင်သိန်း နားမလည်ဘူး ။
ခင်သိန်း ပန်းရံလုပ်တုန်းကဆို တစ်ရက်ကို ၄ထောင် ။ တပတ်ဆိုရင် ၂သောင်း၈ထောင်
အင်း....ပန်းရံလုပ်တာထက် ပိုပြီးသက်သာတယ်။ ပိုပြီးလည်း လစာကောင်းပါတယ်။
ခင်သိန်း လုပ်ပျော်ပါတယ်။ စန်းညွှန့်မရှိရင်ပေါ့။ တခါတလေ ဆိုင်ကယ်နဲ့ ထွက်သွားတာကလွဲရင် တစ်နေကုန် ခင်သိန်းကို ထိုင်ကြည့်နေတာ။ ခင်သိန်းမှ မဟုတ်ပါဘူး ဆိုင်က၀န်ထမ်း တွေကို သွားရေ တမြမြနဲ့ မြေခွေးလိုလို ထိုင်ကြည့်နေတက်တယ်။ ဆိုင်ကလူတွေကလည်း စန်းညွှန့်ကို "အကိုကြီး အကိုကြီးနဲ့ " ကပ်ကပ်ချွဲနေတာ ။ ခင်သိန်းကတော့ အဲ့တဏှာရူးကို ရေစက်လည်း မရှိဘူး ၊ မီးစက်လည်းမရှိဘူး။ အလုပ်သဘောအရ ပြုံးပြ နှုတ်ဆက်ရတာပဲ လုပ်တယ်။ ကျန်တဲ့ အချိန် မီးဖိုးချောင်ထဲ၀င်ပြီး ပန်းကန်ဆေးနေလိုက်တယ်။ ဒါမဲ့ ညရောက်လေလေ ဆိုင်က ၀န်ထမ်းတွေ ပျောက်ပျောက်သွားတာ ခင်သိန်း သတိထားမိတယ်။ တော်တော်ကြာမှ အနောက်ထဲက ထွက်ထွက်လာတယ်။
ဒီကောင်တွေ အလုပ်ပါး၀သွားတာ တော်တော်ခိုကြတာ။
သူတို့မရှိရင် ခင်သိန်း ပိုလုပ်ရပြီ။ မပင်ပန်းပါဘူး ဒီလေါက်ကတော့ ။ ခင်သိန်း အတွက်က ပါမွှား သာသာပဲ။
ညဆိုင်ပိတ်တော့ စန်းညွှန့်က ခေါက်ဆွဲကြော် တစ်ပွဲ ထည့်ပေးလိုက်တယ်။ ထည့်ပေးတော့လည်း စားရုံပေါ့။ သူ့ဆိုင်ကယ်နောက် လိုက်ဖို့ခေါ်နေသေးတာ ခင်သိန်းတော်တော်ငြင်းပြီး တစ်ယောက်တည်း ပြန်လာခဲ့တယ်။ ခေါက်ဆွဲကြော်တော့ အမေစားဖူးပြီ။ ခင်သိန်းလည်း စားဖူးတော့မယ်။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။
Part -16 (Uni + Zaw)
Start from the beginning
