Part -16 (Uni + Zaw)

Comenzar desde el principio
                                        

၀န်ထမ်းတွေထဲက ဖြူဖြးဖွေးဖွေး နှုတ်ခမ်းနီအရဲနဲ့ ခေါင်းအနီ မိန်းကလေးတစ်ယောက်ကို စန်းညွှန့်လှမ်းအော်လိုက်တယ်။

"သြော် အကိုကြီးကလဲ အကင်းလေးဆိုတော့
အဖန်ဓာတ်လေးရှိသေးမှာပေါ့။ အလုပ်သဘောကတော့ နောက်ကျ သိသွားမှာပါ"

ဘာအကင်းလဲ။ ဘာအဖန်ဓာတ်လဲ။ သူတို့စကားတွေ ခင်သိန်းနားမလည်ဘူး။ ၀န်ထမ်းတွေကတော့ ပြုံးစိစိနဲ့။ နောက်ပြီး ကောင်မလေးက စန်းညွှန့်ကို ခေါ်လိုက်တာ အကိုကြီးတဲ့ ဒလတ်မပဲနေမယ်။ ခင်သိန်း ပန်းရံလောကထဲမှာ ဒီလိုဒလတ်မ မျိုး နဲ့ ခဏခဏ တွေ့ခဲ့ရတော့ မအံသြတော့ပါဘူး။

"ကဲ အကင်းလေး ၀တ်စုံ ယူဖို့ လာ" လို့ခေါ်ပြီး လက်က ခင်သိန်းလက်ကို ပွတ်ဆွဲ။သွားလိုက်သေးတာ။ သြော် ခင်သ်ိန်းက အခြောက်မပါနော် ဘယ်လိုတွေတုန်းဟယ်။

ခင်သိန်း ချစ်စနိုးဆိုတဲ့ ဒလတ်မ နောက်ကိုလိုက်သွားရင်း ၀တ်စုံ ၂စုံကိုပေးတယ်။
နောက်ပြီး အခန်းထဲသွားပြီးလဲခိုင်းတယ်။
----------------------------
၀တ်စုံ ၀တ်ပြီး ခင်သိန်းကိုယ် ခင်သိန်း မှန်ထဲမှာ ကြည့်မိတယ်။ အရောင်တွေ တောက်နေသလိုပဲ။ အနက်ရောင် ၀တ်စုံလေးက ခင်သိန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အကျအန။ ခင်သိန်း ရုပ်လေးက တကယ်တော့ လူချောပါ။ လူကသာ နွဲ့နေတာ ဒီလို၀တ်ကြည့်တော့လည်း ယောက်ျားလေးလိုပဲ။ မှန်လည်း အကြာကြီးကြည့်နေလို့မဖြစ်ဘူး အလုပ်လုပ်ရဦးမယ်လေ။

ခင်သိန်း အ၀တ်လဲခန်းထဲကနေ ထွက်လာတယ်။ ချစ်စနိုးဆိုသူရယ်၊ စန်းညွှန့်ရယ်၊ စန်းညွှန့်သူငယ်ချင်းရယ် ဆိုသူက အ၀တ်လဲခန်းက ထွက်လာတဲ့ခင်သိန်းကို ကြည့်နေကြတယ်။ပြီးတော့ ချစ်စနိုးနဲ့ စန်းညွှန့်တို့ လက်တို့ပြီး တိုးတိုးတိတ်တိတိ စကားတွေပြောနေကြတယ်။

"အကိုကြီးတို့က ရှာတက်လိုက်တာ ဖောက်သည်တွေ ဝိုင်းတော့မယ်တဲ့ "ဘာရည်ရွယ်ချက်နဲ့ပြောလည်းတော့ ခင်သိန်းလည်းမသိပါ။

"ကဲ ခင်သိန်း အစ်မက ချစ်စနိုးပဲ။ မင်းတို့ရဲ့ ခေါင်းဆောင်ပေါ့။"

"ဟုတ်...ဟုတ်ကဲ့ပါ"

"ကဲ အခုတော့ ဆိုင်ခင်းရအောင် ၊ နောက်မှ ဘာအလုပ်တွေ လုပ်ရမလဲဆိုတာ ပညာစုံသင်ပေးမယ် ဟင်းဟင်းဟင်း"

လွတ်လပ်ခွင့် ( Uni + Zaw)Donde viven las historias. Descúbrelo ahora