Don't Forget Me

3.5K 63 14
                                    

ဒီနှစ်နွေရာသီက ကြယ်ရောင်ခအတွက် စိတ်ရောလူရော ပူလောင်ရတဲ့နှစ်လို့ ဆိုရလေမလား ။ ရာသီဉတုဒဏ်ကို အံတုရင်း ဆေးရုံကုတင်ထက် လဲလျောင်းနေရသည့် ကြယ်ရောင်ခ မှာ ပိုးဟပ်ဖြူလေးပမာ လက်တွင်လဲအပ်တန်းလန်းနှင့် Drip တစ်လုံးပီးတစ်လုံး ချိတ်နေရသည် ။ ခရဲ့အခုပုံစံကိုသာ ကိုကိုမြင်ရင် ဘယ်လိုတုံ့ပြန်မလဲ ။ Brain Tumors လို့ခေါ်တဲ့ ဦးနှောက်အကျိတ်ရောဂါကို ကုသဖို့ နိုင်ငံခြားကိုသွားတော့မယ့်ကိုကို ဒီ အချိန်ဆို လေယာဉ်ပေါ်ရောက်နေလောက်ရောပေါ့ ။ ခ လာမတွေ့နိုင်တာ ခွင့်လွှတ်ပါ ကိုကို ။ ကြယ်ရောင်ခ ဆိုတဲ့ ညီငယ်လေးက ကိုကို့ရဲ့အနာဂတ်ခရီးမှာ ပါဝင်ခွင့်မရှိတော့တာမလို့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ ကိုကို ။

" ခ နိုးနေတာ ကြာပီလား ။ ဆန်ပြုတ်ဝယ်လာတယ် "

" မကြာသေးဘူး ခန့် ။ ငါဆေးရုံ ဆင်းချင်ပီ "

" မင်းကိုယ်မင်း သံမဏိလူသား ထင်‌နေလား ခ ။ ကိုယ့်အခြေအနေ ကိုယ်သိ "

ဒီထက်နည်းနည်းသာ ဆေးရုံကိုအရောက်နောက်ကျခဲ့ရင် အစာအိမ်သွေးကြောတွေ ပေါက်ပီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်တာကို ဒီကောင်မသိလေသလား ။ မွေးစားအကိုရဲ့ ခွဲစိပ်ကုသမှုအတွက် ပိုက်ဆံလိုလို့ အစာအိမ်ရောဂါရှိတဲ့ကောင်က အစပ်စားပြိုင်ပွဲကို ဝင်ပြိုင်သည်တဲ့လေ ။ ကိုယ့်အသက်ကိုတောင် ပဓာနမထားဘဲ ချစ်ရသူအတွက် ပေးဆပ်ရဲတဲ့ ကြယ်ရောင်ခ ဆိုတာ ဆယ့်‌ရှစ်နှစ်သာရှိသေးသည့် နုနယ်လွန်းတဲ့ ချာတိတ်လေးတစ်ယောက်သာ ။ သူပြောတာတွေကို နားဝင်ရဲ့လားလဲမသိ ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ပြာကြီးကိုသာ ငေးကြည့်နေလေရဲ့ ။

" ဆန်ပြုတ်လေးသောက်လိုက်ဦး ခ ။ အားမြန်မြန်ပြည့်မှ ဆေးရုံဆင်းခွင့်ရမှာ ။ မင်းအတွက်မဟုတ်ရင်တောင် ကိုစစ်ချီပိုင် အတွက်မင်းကျန်းမာအောင်နေရမယ်လေ "

" အင်း .... ပျော့ညံ့တာ မကြိုက်တဲ့ကိုကို့အတွက် ငါသန်မာအောင်နေရမယ် ။ ငါ့အတွက် .... ငါ့အတွက်နဲ့ ကိုကိုက ..... "

" နောက်ကြောင်းမလှတဲ့ အတိတ်တွေကို ပြန်တွေးမနေပါနဲ့တော့ကွာ ။ ကိုစစ်ချီပိုင် ဖြစ်စေချင်တဲ့အတိုင်း မင်းဆက်ကြိုးစားရမယ်လေ ခ ရာ "

အတွေးတစ်ချို့  ပုံဖော်မှုUnde poveștirile trăiesc. Descoperă acum