Chapter (1)

22 1 0
                                    

အပြာရောင်ကော်ဖီဆိုင်လေးထဲက နေ့စွဲတစ်ခုခုမှာပေါ့

"Menuအသစ်အတွက် အမြည်းကျွေးတဲ့ အချိုပွဲပါခင်ဗျ"

စတော်ဘယ်ရီသီးတွေ ချယ်ရီသီးတွေ ခြံရံထားတဲ့ ကိတ်သေးသေးလေးပေါ်မှာ ခရင်မ်တွေနဲ့ ယုန်ပိစိပုံစံ ဖန်တီးထားတဲ့ မုန့်လှလှလေးက မျက်နှာသေကြီးနဲ့ ကော်ဖီသောက်နေတဲ့ Chanyeolရဲ့ စားပွဲပေါ် မလိုက်မဖက် ရောက်လာတယ်

ကိတ်လှလှလေးကြောင့် အံ့ဩသွားတဲ့ မျက်နှာအမူအရာကို အမြန်ဖုံးဖိလိုက်ပြီး ကိတ်မုန့်လာချပေးတဲ့သူကို မော့ကြည့်လိုက်တော့ Kaiဖြစ်နေတယ်

"အင်း...ကျေးဇူးပဲ"

"ဟုတ်"

Kaiက မျက်မှန်အောက်က မျက်လုံးလှလှလေးတွေ မှိတ်ကျသွားတဲ့အထိ ရယ်ပြပြီး ပြန်ထွက်သွားတယ်

ဒီနေ့အတွက်က ကိတ်မုန့်ပေါ့ ဒီဆိုင်က မုန့်တွေက နည်းနည်း အဆင့်မြင့်လွန်းနေသလိုပဲလို့ ယုန်လေးရဲ့ ခေါင်းကို ဇွန်းနဲ့ သာသာလေး ထိကြည့်ရင်း Chanyeolတွေးမိတယ်

"Kai oppa ဒီဘက်လာပါဦး"

"ဟုတ်ကဲ့ပါဗျာ လာပါပြီ"

ကောင်လေးချောချောလေးတွေရှိတဲ့ ကော်ဖီဆိုင်ဆိုတော့ ကောင်မလေးလှလှလေးတွေနဲ့ စည်ကားနေပါတယ်

"Kai oppa ဒီနေ့ ဆံပင်ပုံစံပြောင်းသွားသလိုပဲနော်"

"အယ် သတိထားမိတယ်လား"

"ဒါပေါ့ ဒီလောက်ကြည့်ကောင်းနေတာကို"

"ဟုတ်လို့လား ကျွန်တော်က ထူးဆန်းနေမှာ စိုးရိမ်နေတာ"

"ဟင့်အင်း အခုပုံစံနဲ့ အရမ်းကြည့်ကောင်းတယ်"

တစ်ဖက်ဝိုင်းက ကောင်မလေးတွေနဲ့ Kai ပြောနေတဲ့ စကားတွေက နားထောင်မနေလည်း Chanyeolရဲ့ နားထဲ အလိုလိုဝင်လာတယ် Chanyeolက သူ့ပုံစံအတိုင်းပဲ ကိတ်မုန့် ဆက်စားနေတယ်

"Kai ဒီဘက်ကိုလည်း လာပါဦး"

"လာပြီ လာပြီ"

ခပ်လှမ်းလှမ်းစားပွဲက ကောင်မလေးတွေခေါ်တဲ့ဆီကို ထွက်သွားတော့ ကျန်ခဲ့တဲ့ကောင်မလေးတွေက Kaiရဲ့အကြောင်းတွေ ဆက်ပြောရင်း ကျန်ခဲ့ကြတယ်

You've reached the end of published parts.

⏰ Last updated: Jan 08, 2023 ⏰

Add this story to your Library to get notified about new parts!

ME or COFFEEWhere stories live. Discover now