Part -11(Uni + Zaw)

Start from the beginning
                                        

ထင်ထားတဲ့ အတိုင်းပါပဲ။ အလုပ်ကို အကိုမလာခဲ့ဘူး။အေးမြတို့ အဖွဲ့ကတော့ ရောက်နေကြပြီ။ အိမ်ရှင်က မုန့်တွေချကျွေးထားတာ အစုံပါပဲ။ ကော်ဖီမစ်ထုတ်၊  ကိတ်မုန့် ၊ လက်ဖက် ၊ အကြော် ၊ထန်းလျက် ။ နောက်ပြီး ပန်းရံသမားတွေအတွက် ပုဆိုးနဲ့ ထဘီစတွေခင်သိန်းအတွက်ကတော့ ပုဆိုးပဲပေါ့ ။တိုက်ပိုင်ရှင်က ပန်းရံသမားတွေကို တိုက်ပြီးသွားတယ့်အခါ ဧည့်ခံရတယ်။ ပန်းရံက ညစ်ရင် အိမ်ခိုက်တက်လို့လေ။
အဲ့ဒါကြောင့် ပန်းရံတွေ လက်သမားတွေ ကြည်အောင် အိမ်ရှင်က တိုက်ဆောက်ကတည်းက အပေါ်စီးကနေ ဆက်ဆံလို့မရဘူး။ အပေါ်စီးကနေ ဆက်ဆံရင် ၊ ပန်းရံတွေကို ဖျံကျနေရင် ပန်းရံဆရာက အင်္ဂတေမလောင်းခင် အတွင်းမှာ ဝါး ၂ချောင်းကို ထိပ်ဆိုင်ပြီးထည့်ထားတို့ ။ လှေကားပြောင်းပြန်တင်တာတို့ဆို အိမ်ရှင်သွားရောပဲ။ ခိုက်လိုက်မယ့် အိမ်မျိုးဖြစ်ရော။ဒါကြောင်း ပန်းရံတွေကြည်အောင် အခုလိုပေးကြ ကျွေးကြတာ။ ဒီလို တိုက်ပြီးချိန်ဆို ခင်သိန်းတို့ အပျော်ဆုံး အချိန်ပေါ့။ မုန့်လည်းစားရတယ်။ ပုဆိုးတို့လို မုန့်ဖိုးတို့လို အပိုလေးတွေလည်း ရလို့လေ။
အပျော်တစ်၀က် မပျော်တစ်၀က်ပါပဲ။
မပျော်တာက အကို့ကိုမမြင်ရလို့လေ။

"ခင်သိန်းရေ နင့်ကိုပြောစရာရှိလို့"

တင်အေးက စကားစ သန်းလိုက်တော့ အေးမြကပါ ခေါင်းလှည့်လာသည်။
ဘာများပါလိမ့်။ အကိုနဲ့ ဖြစ်ကတည်းက သူတို့နဲ့ စကားကို ဟုတ်တိပတ်တိ မပြောရတော့။ ကိုယ်က မပြောတာပါ။

"အေး ပြောလေ ဘာလဲ"

"ဟိုအေ ဒလတ်မနဲ့ မီးသမား ဇင်မင်းခန့်တို့ ခိုးပြေးသွားပြီတဲ့၊ အဲ့ဒါ နင်မသိသေးဘူးလား"

အို...ခေါင်းနပမ်း ကြီးသွားခဲ့သည်။ အကိုက ဒလတ်မမိနွယ်နဲ့ ။ မဟုတ်တာ မဖြစ်နိုင်တာ။
အကိုနဲ့ ငါနဲ့လေ။ ဘာလို့ ...မဟုတ်နိုင်တာ။

"ဟုတ်... ဟုတ်ရော ဟုတ်ရဲ့လား ၊ မိနွယ်နဲ့ အကိုနဲ့ အဲ မိီးသမားနဲ့ ပရောပရီ လုပ်တာလဲ ခင်သိန်း မမြင်ပါဘူး။ နောက်ပြီး မိနွယ်က ပန်းရံဆရာဆို..."

"နင်ကဘယ်မြင်မလဲ... သူတို့ ၂ယောက်က ဟိုးတိုက်အနောက်ဘက် နေ့တိုင်းတွေ့နေတာ၊ နင်သာ မတွေ့တာ နောက်ပြီး မိနွယ်က ယောက်ျားကို ထဘီလို လဲ၀တ်နေတဲ့ကောင်မမျိုး၊ ပန်းရံဆရာနဲ့ ဆိုတာလည်း ပန်းရံဆရာက နှိုက်လို့ရတယ့် လက်ဖက်ခွက် အကုန်နှိုက်မှာပဲလေ ညည်းအသိပဲကို ၊ ငါတို့တောင် အရောမခံလို့"

လွတ်လပ်ခွင့် ( Uni + Zaw)Where stories live. Discover now