" ခင်သိန်းကို ခင်တာ ခင်လို့ရပါတယ်။ ဒါမဲ့ ခင်သိန်းကို လူတွေ မခင်ချင်ကြဘူးလေ"
"ဘာလို့လဲ ခင်သိန်းရဲ့ အခြောက်မို့လို့လား
အကို့မှာ အဲ့လိုသတ်မှတ်ချက်တွေ မရှိပါဘူး
အကိုပြောပြီးပြီပဲ မိဘကိုလုပ်ကျွေးတဲ့သူအချင်းချင်းခင်တာပါဆို"
ဒီတခါတော့ ခင်သိန်းပြုံးပြီး မျက်ရည်ဝဲသွားတယ်။ ဒီစ ကားတွေက ခင်သိန်း တခါမှ မကြားဖူးတဲ့စကားတွေ။ ခင်သိန်းကြားဖူးတာက "အခြောက်မကြီးတို့" ၊ ယောက်ျားလေးတချို့ရဲ့တမင် လုပ်ယူအသံပြုထားတဲ့ "ဟိတ်ကောင်မရေ" ဆိုတဲ့ အသံတွေ ၊ ရွံ့ရှာတဲ့စကားတွေ ၊ နှိပ်ချတဲ့စကားတွေကိုပဲ ခင်သိန်း နားရည်၀ခဲ့တာပါ။
တက္ကသိုလ် ကျောင်းသားမို့ စကားတက်လေသလား။ အမြင်ကျယ်လေးသလားတော့ ခင်သိန်းမသိဘူး။ ဒါမဲ့ ခင်သိန်းလေ အကို့ဆီက ဒီလိုစကားသံလေး ကြားရတာ တကယ်ပျော်ပါတယ်။
ခင်သိန်းကို နားလည်တဲ့သူ နောက်ထပ်တစ်ယောက် တွေ့ခဲ့ပြီ။ အမေနဲ့ အကိုပဲ ခင်သိန်းကို နားလည်တာလား။ ခင်သိန်း အကို့ကို ယုံချင်တယ် မဟုတ်ဘူး ယုံကို ယုံပါတယ်။
ဘယ်ရယ်ကြောင့်လားရယ်မသိဘူး။ အရင်က ခြေကျင်လျှောက်ပြန်တုန်းက အိမ်မြန်မြန်ရောက်ချင်တဲ့ခရီးကို အခုတော့ လမ်းပေါ်ပဲ အချိန်ကုန်နေ ချင်တော့တယ်။ စက်ဘီးကြောင့်လား
စက်ဘီးပိုင်ရှင်ကြောင့်လား...။
နောက်ပြီး ဒီညနေလေးက ပိုပြီးသာယာနေသလိုပဲ။
ခင်သိန်းကို စျေးပေါက်ချပေးပြီး အကိုလဲ သူ့အိမ်ကို စက်ဘီးနဲ့ ချီတက်သွားပြီ။
ခင်သိန်းလဲ စျေးထဲ၀င် ၊ စျေး၀ယ်ပြီး အိမ်ပြန်။ ပြီးရင် ချက်ရ ပြုတ်ရအုံးမယ်လေ...။
ခုနတုန်းက အမေ့ကို မေ့နေတာ
အခုမှ သတိရတယ် အိမ်မှာ အမေတစ်ယောက်တည်းလေ....။
================================
Zaw
(အပိုင်း - ၇ )
* * *
အလုပ်ထဲလည်း ပျော်ပျော်ရွင်ရွင် ရယ်ရယ်မောမောပါပဲ။ ဇာတ်ကားအကြောင်းပြောကြ ၊ အတင်းလေးပြောကြနဲ့ အလုပ်ထဲတော့ ခင်သိန်း ပျော်နေတက်တယ်။ ဟိုကောင်မတွေ တင်အေးတို့ အေးမြတို့ကလည်း အလုပ်သမားဘ၀တူတွေမို့ ခင်ဖို့ကောင်းလှတယ်။ဟိုနေ့က ဇာတ်ကားအကြောင်းပြောပြတော့ မျက်လုံးအဝိုင်းသားနဲ့ နားထောင်ကြတယ်။ ခင်သိန်းက ဆရာမကြီးလုပ်လို့ပေါ့။ဇာတ်လမ်း ဇာတ်ကွက်တွေကို သူတို့ပါ မြင်အောင် ပြောပြရတယ်။သူတို့လဲ ကိုယ့်လို သူများအိမ်မှာ လက်တို လက်တောင်းလုပ်ပြီး ပြထားတာ ထိုင်ကြည့်ရတဲ့သူတွေလေ...။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။
Part - 7 (Uni + Zaw)
Start from the beginning
