ထမင်းစားတော့လဲ ခင်သိန်းတို့နဲ့ တူတူလာစားတယ်။ ဒီဆိုဒ်မပြီးခင်အထိ မျက်နှာလေးကို နေ့တိုင်းတွေ့ရဦးမှာ။ မျက်နှာလေးတွေ့တိုင်းအမောပြေရတာ။ နေ့တိုင်းတွေ့ရမယ်ဆိုတော့ အလုပ်ဘယ်လောက်ပင်ပန်း ပင်ပန်းဘယ်လောက်မောမော မောစမ်းပါစေ
ပြုံးပြုံးကြီးကို မျက်နှာတော်ကို ဖူးမြှော်လိုက်ဦးမှာ။
ဒီနေ့ ခင်သိန်း အလုပ်လုပ်ရတာလေ အမောပြေလေးရှိတော့ ပိုပြီတောင် အလုပ် တွင် သေးတယ်။
_______________________________
ညနေအလုပ်ဆင်းတော့ ကိုယ်တော်ချောက စက်ဘီးနဲ့။ အခုချိန်မှာ ဆိုင်ကယ်စီးနိုင်ရင် သူဌေး ၊ စက်ဘီးစီးနိုင်ရင် တော်ရုံ သုံးနိုင်စွဲနိုင်တဲ့သူပဲ။
ခင်သိန်းနောက်ကို စက်ဘီးနဲ့ လိုက်လာပြီး
"ခင်သိန်း တက်လေ" တဲ့။
ခင်သိန်းက မြို့သစ်ဘက်ထဲနေတာ အကိုနဲ့လမ်းကြုံလို့လားဆိုတော့
"လမ်းကြုံလို့ခေါ်တာပါဗျာတဲ့"
ခင်သိန်းလဲ မူမနေတော့ဘူး။ စက်ဘီးနောက်ကို တင်ကလေးပစ်ပြီး တက်လိုက်တယ်။
စက်ဘီးနောက်ကထိုင်ရင်း စကားစမြည်ပြောမိကြတယ်။သူက အိမ်မှာ အကြီးဆုံးဖြစ်တဲ့အကြောင်း ၊ ၁၀တန်းအောင်ပြီး တက္ကသိုလ် ကိုတက်ခဲ့တဲ့အကြောင်း ၊ အကြီးဆုံးဖြစ်တာကြောင့် ပထမနှစ်ထိပဲကျောင်းတက်ပြီး အလုပ်၀င်ခဲ့ရတယ်တဲ့။
ခင်သိန်းလဲ ကိုယ့်အကြောင်းကို ပြောပြရတာပေါ့။ အမေက မယားငယ်ဖြစ်တဲ့အကြောင်း၊
အဖေက သားသမီး ၃ယောက်ရမှ ပစ်သွားတဲ့အကြောင်း၊ အမေမမျက်စိကွယ်ခဲ့တဲ့အကြောင်း၊ ခင်သိန်းတစ်ယောက် အမေ့ကို လုပ်ကျွေးနေတဲ့အကြောင်း။
ခင်သိန်းဒါတွေကို ဘယ်သူ့ကိုမှ ပြောပြခဲ့တာမဟုတ်ဘူး။ အကို့ကို ယုံကြည်လို့ပြောပြတာပါနော်။ ခင်သိန်းအဆင်မပြေတဲ့အကြောင်းတွေ လူမသိခံချင်ဘူး ကိုယ်ချင်းစာမဲ့အစား
လှောင်ပြောင်တက်ကြလို့။
"ခင်သိန်းကို အကိုခင်ချင်လို့ပါ။ ခင်သိန်းက မိဘကိုလဲ လုပ်ကျွေးနေတယ်။ အလုပ်လဲကြိုးစားတယ် ။မိဘကိုလုပ်ကျွေးနေသူအချင်းချင်း ခင်ချင်တယ် "
ခင်သိန်းကို ခင်ချင်တယ်တဲ့။ အကိုရယ် ခင်သိန်းမမျှော်လင့်မိတဲ့စကားပါ။ အကိုခင်ချင်မှတော့ ခင်သိန်းလိုလူက မခင်ချင်ပဲရှိမလား။
ခင်တာထက်တောင် ပိုချင်သေးတယ်။
ဘာလ်ို့ဆို ခင်သိန်းတို့လို လူတွေဆို တခြားသူတွေက ဒီလို ခင်လို့လား။ ကိုယ်ကပဲ အတင်းတွယ်ကပ်ပြီး ခင်နေရတာမဟုတ်လား။နောက်ပြီး ခင်ချင်တာကို အခုလို တကူးတက စကားပုလ္လင်ခံပြီးပြောနေတာတွေ ခင်သိန်းမကြုံဖူးပါဘူး။
ESTÁS LEYENDO
လွတ်လပ်ခွင့် ( Uni + Zaw)
No Ficciónမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။
Part - 7 (Uni + Zaw)
Comenzar desde el principio
