"မင်းကို စိန်ခေါ်မလို့..."

"အရင်လိုပဲလား"

သူချက်ချင်းထရပ်ဖို့ပြင်တော့ ထင်ရှားက သူ့ကိုပြန်ဆွဲချသည်။ သူတို့က မိန်းကလေးတစ်ယောက်ကိုပြိုင်လိုက်တာမျိုးမဟုတ်ပေမဲ့ ထင်ရှားက စက်ဝန်းကို စိန်ခေါ်တာမျိုးတွေရှိတတ်သည်။ ယခင်ကလည်း ခေါ်ဖူးသည်။ အကောင့်တောင်းတာတို့၊ ဓာတ်ပုံအတူတူရိုက်ခိုင်းတာတို့လောက်ပင် အရမ်းအဆိုးကြီးမဟုတ်ပေ။

"ဒီတစ်ခါမတူဘူး...မင်းသာအနှစ်သာရပါးကို နမ်းနိုင်ရင် မင်းရဲ့တစ်နှစ်စာ နေ့လည်စာကို ကျွေးမယ် တစ်နှစ်နော် တစ်နှစ်"

စက်ဝန်းမျက်ခုံးတွေပင့်တက်သွားရကာ ထင်ရှားကို ‌မျက်လုံးစွေကြည့်သည်။ ပုံမှန်ဆို ဓာတ်ပုံ၊အကောင့်တောင်းခိုင်းတာတို့ပဲရှိတာ။ အခုတော့ ပါးကိုနမ်းခိုင်းသည်တဲ့လား။

အနှစ်သာရက ဘယ်သူမို့လို့ ဒီလောက်ထိ စိန်ခေါ်နိုင်ရတာလဲ။ လှလဲမလှဘဲနဲ့။

"ဘယ်လိုလဲ အိုခေလား "

"ကောင်းပြီ...ငါသွားပြီ စောင့်ကြည့်နေ..."

"ခဏ စက်ဝန်း..."

"ဘာလဲ"

"အနှစ်သာရက လက်မြန်တယ်တဲ့နော် သတိထားဦး..."

ထင်ရှားက သတိပေးသလိုပြောလာသည်။ စက်ဝန်းမထင်မရှားပြုံးလိုက်ရင်း ထင်ရှားပုခုံးကိုပုတ်ကာ အနှစ်သာရဆီကိုဦးတည်လာလိုက်သည်။

ထင်ရှားကတော့ ထိုင်ခုံပေါ်မှာထိုင်ရင်း ပါးကိုသာပွတ်လိုက်မိ၏။ ဒီကောင်အစား ပါးပင်ကြိမ်းလာ၏။

ကြိမ်းဆို အခုက လယ်ဗယ်တူမာနခဲကို စိန်ခေါ်ထားတာကိုး။ စက်ဝန်းကို လက်မခံဘူးထင်ထားတာ လက်ခံသွားတယ်။ စက်ဝန်းဘယ်လိုအောင်မြင်အောင်လုပ်လာမလဲမသိပေမဲ့ တခြားသူနဲ့မတူတဲ့စိန်ခေါ်မှုမျိုးဖြစ်၍ သူ့ဘက်က အနည်းငယ်တော့ အနိုင်ရနိုင်ချေရှိပါသည်။

✿⁠............✿⁠...........✿⁠

"အို..."

အနှစ်တို့ကျောင်းဝန်းထဲဝင်လာချိန် ရုတ်တရက်ကြီး သူမရှေ့ရောက်လာသည့် ယောက်ျားလေးတစ်ယောက်။ ထိုသူက အနှစ်ကိုစေ့စေ့စပ်စပ် စူးစိုက်ကြည့်ကာ ပြုံးသည်။ ထိုအပြုံးက သဘောကျလို့ပြုံးတာမဟုတ်မှန်း ရိပ်မိလိုက်သည်။ မျက်လုံးမှာ လှောင်ရိပ်တစ်ချို့ကို ခံစားမိလိုက်သည်လေ။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]حيث تعيش القصص. اكتشف الآن