အပိုင်း (၂၅) (ဇာတ်သိမ်း)

Start from the beginning
                                    

"မငိုပါနဲ့တော့ အန်တီရယ်၊အန်တီငိုနေရင် ဟယ်ရီလည်း စိတ်မကောင်းဘူး၊နောက်ပြီး သစ်လွင်လည်းစိတ်ကောင်းမှာ မဟုတ်ဘူးလေ"

"အန်တီ့ကိုစိတ်ပျက်နေပြီလားဟင်"

မျက်နှာငယ်လေးဖြင့်ဆိုလာပြန်တော့ ဟယ်ရီမှာ ချက်ချင်းပင်နှစ်သိမ့်စကားတို့ဆိုရင်းချော့ရသည်။
"ဟယ်ရီက ငြိုငြင်စရာလား အန်တီရယ်၊အန်တီပင်ပန်းမှာစိုးလို့ပြောရတာပါ။အန်တီ့ကိုဟယ်ရီဘယ်တုန်းကမှ မငြိုငြင်ခဲ့ပါဘူး။အန်တီအပေါ်အနိုင်ယူခဲ့မိတာတွေကိုပဲ တွေးမိရင်း အားနာစိတ်မကောင်းဖြစ်ရတာပါ"

"မဟုတ်တာ အဲ့တာတွေမတွေးနဲ့တော့လို့ ပြောပြီးပြီမလားကွယ်။"

"ဟယ်ရီလည်း အန်တီကိုမတွေးဖို့ပြောခဲ့တာပဲ။နားထောင်လို့လား "

ဟယ်ရီထိုသို့ဆိုတော့ မျက်ဝန်းတို့မှေးကျသွားသည်အထိ သဘောတကျပြုံးရယ်သည့်အမျိုးသမီး။ဒီလိုချစ်စရာကောင်းတဲ့ အပြုံးတွေကို မြင်နေခွင့်ရတာ ဟယ်ရီ့အတွက် ကြီးမားတဲ့ ဆုလာဘ်ပါပဲ။

"စကားပြောတာ ကြာသွားပြီထင်တယ်၊ဒီည ကိုကိုကြီးဆီ လာလည်မယ်ပြောထားတာ၊လိုက်ပို့မယ်ဟုတ်"

"ပို့ရမှာပေါ့ ယောက်ဖကြီးကိုလွမ်းနေတာ"
"ဘာယောက်ဖလဲ ဟွန့်"

"ယောက်ဖ မဟုတ်လို့လား၊အန်တီက ဟယ်ရီ့မိန်းမလေ အဲ့တော့ အန်တီ့ ကိုကိုကြီးက ဟယ်ရီ့ယောက်ဖပေါ့ မဟုတ်ဘူးလား မိန်းမကလည်း"

"မင်းနော်..ဘာမိန်းမလဲ အရိုက်ခံချင်ပြန်ပြီ"

မျက်စောင်စကလေးချီရင်း ပြောပုံမှာအသည်းယားစရာ။

"မိန်မ မလို့မိန်းမပြောတာပေါ့ ဘာလဲ မေ့နေတာလား၊သတိရအောင်ပြန်ပြရမလား"

"ဟာ..သေတော့မှာပဲ မင်းတော့နော်"

အနားရှိဗူးခွံအားကုန်းကောက်ကာ ပစ်ရန်ပြင်သည်မလို့ ဟယ်ရီ စနောက်ရင်းပင် ပြေးရသည်။တစ်ခါ နဖူးမှန်ပြီးတည်းက လွန်းဟယ်ရီတို့မှတ်ပြီးသားလေ။ကိုယ့်မိန်းမ လက်ဆ ကိုယ်သိတာမလို့ မထိဖို့အရေး ဒို့အရေးဖြင့်ပြေးရသည်။

----
"ကဲ စုံထောက်ကြီးခင်ဗျာ့ ကျွန်တော်တို့ကို ပြောပြပါအုံး"

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now